လေဆိပ်ဆိုက်ရောက်ခရီးသည်များအား Quarantine ဝင်စရာမလိုပဲ RDT နည်းဖြင့် ပြောင်းလဲစစ်ဆေးမည်

0
219

လေဆိပ်ဆိုက်ရောက်ခရီးသည်များအား Quarantine ဝင်စရာမလိုပဲ RDT နည်းဖြင့် ပြောင်းလဲစစ်ဆေးမည်

နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်(Commercial Flight)များဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများ နိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ဓာတ်ခွဲအဖြေ အချိန်တိုအတွင်း ချက်ချင်းရရှိ နိုင်သော RDT နည်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးပေးခြင်းကို ပြောင်းလဲ ဆောင်ရွက်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

ယခင်က ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီး စဉ်(Commercial Flight)များဖြင့် ပြန်လည်လိုက်ပါလာသူများအား သတ်မှတ်ဟိုတယ် တွင် (၂၄)နာရီနေထိုင်စေ၍ RT-PCR နည်းဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ခြင်းကို ဆောင်ရွက်ခဲ့ရာ ယင်းအစား ၂၀၂၂ မေလ၁ရက် နေ့၊ (၀:၀၀)နာရီမှစတင်၍ ကုန်ကျစရိတ်သက်သာပြီး ဓာတ်ခွဲအဖြေ အချိန်တိုအတွင်း ချက်ချင်းရရှိ နိုင်သော RDT နည်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးပေးခြင်းကို ပြောင်းလဲ ဆောင်ရွက်သွားမည်ဟုသိရသည်။

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်အရ သိရှိရခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ရခြင်းက ယခုအခါ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ကျဆင်းလာသည်ကတစ်ကြောင်း၊နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်(Commercial Flight)များဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်း လွန်စွာနည်းပါးကြောင်း စစ်ဆေးတွေ့ရှိရခြင်းကြောင့်ဖြစ်သည်ဟုသိရသည်။

၄င်းအပြင် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) များ၊ နယ်စပ်ဝင်/ထွက်ဂိတ်များ မှ ပြန်လည်ဝင်ရောက်လာသူများအား ယခင်က ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးပါက အသွားအလာကန့်သတ်ထားရှိမှု (၅)ရက်အစား (၃)ရက်သို့လည်းကောင်း၊ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံမှုမရှိပါက အသွားအလာကန့်သတ်ထားရှိမှု (၇)ရက်အစား (၅)ရက်သို့လည်းကောင်း ပြင် ဆင်ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here