ကျောက်မဲမြို့တွင် ယနေ့နံနက်အစောပိုင်းက ငွေကျပ်သိန်း ၃၀၀ ကျော်ဓားမြတိုက်ခံရပြီး နေအိမ်ပိုင်ရှင်အားဖမ်းဆီးခေါ်ဆောင်သွား

0
143

ကျောက်မဲမြို့တွင် ယနေ့နံနက်အစောပိုင်းက ငွေကျပ်သိန်း ၃၀၀ ကျော်ဓားမြတိုက်ခံရပြီး နေအိမ်ပိုင်ရှင်အားဖမ်းဆီးခေါ်ဆောင်သွား

ရှမ်းပြည်(မြောက်ပိုင်း)၊ကျောက်မဲမြို့၊အမှတ် ၉ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဧပြီ ၃၀ ရက် (ယနေ့)နံနက်အစောပိုင်းက ငွေကျပ်သိန်း ၃၀၀ ကျော်ဓားမြတိုက်ခံရပြီး နေအိမ်ပိုင်ရှင်အမျိုး သားအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း ဒေသခံများထံမှသိရသည်။

မိသားစုဝင် ၄ ဦးနေထိုင်သည့် နေအိမ်အတွင်းသို့ မျက်နှာဖုံးများဝတ်ဆင်ထားသည့် အမည်မသိအ မျိုးသားများဝင်ရောက်လာကာ မိသားစုဝင်များအားချုပ်နှောင်၍ ငွေကျပ်သိန်း ၃၀၀ ကျော်နှင့်ဖုန်းများအားဓားမြတိုက်ယူဆောင်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အဲဒီ ပိုက်ဆံသိန်း ၃၀၀ ကို မနေ့ကမနက်ပိုင်းမှာအိမ်ခြံရောင်းရလို့ရထားတဲ့ပိုက်ဆံတွေလို့သိရတယ် အဲဒီပိုက်ဆံတွေအပြင် ဖုန်း ၅ လုံးလည်းပါသွားတာ ဓားမြတွေထွက်သွားမှ အိမ်ပိုင်ရှင်အမျိုးသမီးဓားမြတိုက်ခံရတယ်လို့ အော်မှသိရတာ”ဟုဒေသခံတစ်ဦးကပြောသည်။

ဓားမြတိုက်သူများဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အိမ်ပိုင်ရှင်အမျိုးသားအား ကျောက်မဲမြို့ရှိ မူး ယစ်ဆေးသုံးစွဲသူများ နေထိုင်တတ်သည့် နေရာအနီးအရောက်တွင် ဓားမြတိုက်သွားသူများမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“အိမ်ရှင်အမျိုးသမီးပြောပုံအရကတော့ လူများတယ် သူတို့လည်းကြောက်တော့လူအရေအတွက်ကိုအတိအကျမသိဘူးပေါ့ တစ်ချို့ကလမ်းပေါ်ကအခြေအနေကိုစောင့်ကြည့်ပေးနေကြတာတော့သိတယ်တဲ့ ကားတွေနဲ့ရောက်လာကြတာလို့ပြောတယ်”ဟုဒေသခံတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here