SNLD ပါတီ ဥက္ကဋ္ဌဟောင်းဦးခွန်ထွန်းဦး၏ ရုပ်လောင်းအား မေ ၂ ရက်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်မည်

0
191

SNLD ပါတီ ဥက္ကဋ္ဌဟောင်းဦးခွန်ထွန်းဦး၏ ရုပ်လောင်းအား မေ ၂ ရက်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်မည်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး(၇၉)နှစ်သည် ဧပြီ ၃၀ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကိုးမိုင်ရှိနေအိမ်၌ ကွယ်လွန်သွားခဲ့သည်။

ထို့ကြောင့် ဦးခွန်ထွန်းဦး၏ရုပ်အလောင်းအား မေ ၂ ရက်ညနေ ၄ နာရီတွင် ရေဝေးသုဿန်သို့ပို့ ဆောင်၍ မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း SNLD ပါတီမှထုတ်ပြန်အသိပေးခဲ့သည်။

ထို့ပြင် ကျန်ရစ်သည့် အရိုးပြာများအား ရှမ်းပြည်၊သီပေါမြို့၊လွယ်မုပ်တောင်ရှိ သီပေါတော်ဝင်မိ သားစုသင်္ချိုင်း၌ ဂူသွင်းထားရှိမည်ဖြစ်ကြောင်း သိရသည်။

SNLD ပါတီ က္ကဋ္ဌ‌ဟောင်းဦးခွန်ထွန်းဦးသည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်အမျိုး သားတန်းတူရေးအတွက် မားမားမတ်မတ် ရပ် တည်တိုက်ပွဲဝင်ခဲ့သည့် ခေါင်းဆောင်ကြီးတစ်ဦးဖြစ်၍ ၎င်းအားဆုံးရှုံးရခြင်းသည် ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက်သာမ က ဖက်ဒရယ်လိုလားသူ ပြည်ထောင်စုသားများအားလုံးအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုတခုဖြစ်သည်ဟု ထုတ်ပြန်အသိပေးချက်တွင် ရေး သားထားသည်။

ဥက္ကဋ္ဌဟောင်းဦးခွန်ထွန်းဦးသည် ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တွင်အထွေထွေအတွင်းရေး မှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်ဟု သိရသည်။

၁၉၈၉ ခုနှစ်မှစတင်ကာ ၂၀၂၁ ခုနှစ်အထိ SNLD ပါတီ၏ ဥက္ကဋ္ဌ၊ ၁၉၉၆ ခုနှစ်မှစတင်ကာ ရှမ်းပြည်ပူးပေါင်းဆောင် ရွက်ရေးကော်မတီ(SSJAC) ဥက္ကဋ္ဌ၊ ၁၉၉၈ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ကိုယ် စားပြုကော်မတီ(CRPP)အဖွဲ့ဝင်၊ ၂၀၀၂ ခုနှစ်တွင် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၏သဘာပတိအဖွဲ့ဝင်၊ ၂၀၁၆ ခုနှစ်တွင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)၏ အလှည့်ကျသဘာပတိတို့အဖြစ် တာ ဝန်ယူခဲ့သည်။

အလားတူ ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲ၌ သီပေါမြို့နယ်၊ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်အမှတ်(၁)၌ SNLD ပါတီကိုယ်စားပြုအ ဖြစ်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည်ဟု ထုတ်ပြန်အ သိပေးချက်၌ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here