ထားဝယ်မြို့တွင် အမည်မသိအမျိုးသားတစ်ဦး ၏ ရုပ်အလောင်းအား ယနေ့နံနက်ပိုင်းကတွေ့ရှိခဲ့

0
136

ထားဝယ်မြို့တွင် အမည်မသိအမျိုးသားတစ်ဦး ၏ ရုပ်အလောင်းအား ယနေ့နံနက်ပိုင်းကတွေ့ရှိခဲ့

တနင်္သာရီတိုင်း၊ထားဝယ်မြို့၊မြောင်းပုလဲရပ် ကွက်ရှိ တံတားတစ်ခု၏ရေမြောင်းအတွင်းမှ မေ ၁ ရက်(ယနေ့)နံနက် ၇ နာရီခွဲခန့်က အမည်မသိအ မျိုးသားတစ်ဦး၏ရုပ်အလာင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ အမည်မသိအမျိုးသား၏ ရုပ်အလောင်းအား ယင်းနေရာအနီး၌နေထိုင်သူအချို့မှ ရေ မြောင်းအတွင်းနစ်မြုတ်နေသည်ကို စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်သူမှန်းတော့မသိဘူးဗျ တစ်ကိုယ်လုံးကရွှံတွေကြားထဲမှမြုတ်နေတာ ပေါင်မှာလည်းထိုး ကွင်းတွေထိုးထားတာတွေ့တယ် သက်လတ်ပိုင်းလောက်တော့ရှိပြီ”ဟုဒေသခံတစ်ဦးကပြော သည်။

အမည်မသိအမျိုးသား၏ရုပ်အလောင်းအားတွေ့ရှိခဲ့သဖြင့် ရပ်ကွက်နေသူများမှ လုံခြုံရေးအဖွဲ့ထံဆက်သွယ်အကြောင်းကြားခဲ့သဖြင့် လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တွေ့ရှိခဲ့ရသည့် ရုပ်အလောင်းအား ထား ဝယ်မြို့အခြေစိုက် ဇဗ္ဗူသီရိအရေးပေါ်ကူညီရေးအဖွဲ့မှ ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here