A.G.T.I ပထမနှစ်နှင့်တတိယနှစ်သင်တန်းများအား မနက်ဖြန်တွင်စတင်ကျောင်အပ်လက်ခံမည်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်နှင့်အစိုးရစက်မှုလက်မှုသိပ္ပံတို့အား မေ ၁၂ ရက်တွင်စတင်ဖွင့်လှစ်သင်ကြသွားမည်ဖြစ်သည်။
ထိုသို့ ဖွင့်လှစ်သင်ကြားရာတွင် ၂၀၁၉-၂၀၂၀ ပ ညာသင်နှစ်၏ A.G.T.I ပထမနှစ်သင်တန်းများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ A.G.T.I တတိယနှစ်သင်တန်းများအား စတင်သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် သင်တန်းတက်ရောက်မည့် ကျောင်း သား၊ကျောင်းသူများအား မေ ၂ ရက်မှစတင်ကာ ကျောင်အပ်လက်ခံသွားမည်ဖြစ်ကြောင်း နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။
“ဒီပညာကို ဝါသနာပါတဲ့အတွက် ၁၀ တန်းစာမေး ပွဲကိုသေချာကြိုးစားဖြေခဲ့တယ် ရမှတ်လည်းမီခဲ့တယ် ဒါ့ကြောင့် ကျောင်းတွေပြန်ဖွင့်မယ်ဆိုတော့ တက်ဖြစ်အောင်တက်မယ် ဒီပညာကိုသေချာကြိုး စားပြီးသင်ယူသွားမှာပါ”ဟု A.G.T.I ပထမနှစ်သင် တန်းတက်ရောက်မည့် ကိုဇာနည်လင်းကပြော သည်။