ထိုင်းမှနေရပ်ပြန်များနှင့်ပြစ်ဒဏ်စေ့မြန်မာများအား တာချီလိတ်မှတဆင့် နေရပ်သို့ ပြန်လည်ပို့ဆောင်

0
59

ထိုင်းမှနေရပ်ပြန်များနှင့်ပြစ်ဒဏ်စေ့မြန်မာများအား တာချီလိတ်မှတဆင့် နေရပ်သို့ ပြန်လည်ပို့ဆောင်

ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ နေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသားများကို Quarantine ထားရှိရာမှ ရောဂါပိုးကင်းစင်သဖြင့် မိမိနေရပ်အသီးသီးသို့ ယနေ့ မေလ ၁ရက်နေ့တွင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။

မတ်( ၂၄ )ရက်နေ့က ချစ်ကြည်ရေးတံတား( ၂)မှပြန်လည်ဝင်ရောက်လာကြသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသားများ၊အမျိုးသား( ၁၄၈)ဦး၊အမျိုးသမီး( ၄၈)ဦးစုစုပေါင်း( ၁၉၆ )ဦးတို့ကို စံလင်းဖြိုး Quarantine Centre တွင်( ၇)ရက်ထားရှိပြီး ကိုဗစ်- ၁၉ ရောဂါနှင့်ဗီဇပြောင်း အိုမီခရွန် ကူးစက်မှု ရှိ/မရှိ ပြန်လည်စစ်ဆေးခဲ့ရာတွင် အားလုံးရောဂါပိုးကင်းစင်ကြောင်းတွေ့ရှိရသဖြင့် ယခုကဲ့သို့ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်ဟုသိရသည်။

နေရပ်ပြန်များတွင် ရှမ်း(အရှေ့)မှကျားမပေါင်း( ၁၃၈)ဦး၊ရှမ်း( တောင်)မှကျားမပေါင်း ( ၄၄)ဦးနှင့်အခြားတိုင်းနှင့်ပြည်နယ်များမှ( ၁၄)ဦးပါဝင်ကြောင်း ရှမ်းအရှေ့ သတင်းက ဖော်ပြသည်။

နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများကို မြို့နယ် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့်တာဝန်ရှိသူများကလိုက်ပါပို့ဆောင်ပေးခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းက စားသောက်စရိတ်နှင့်အုပ်ချုပ်မှုကိစ္စရပ်များကို ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းလည်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here