မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး လှုပ်ရှားမှုများဆက်တိုက်ပြုလုပ်

0
67

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး လှုပ်ရှားမှုများဆက်တိုက်ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး အသိပညာပေးမှုများနှင့် လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိနေသည်။

ဧပြီ၃၀ရက်က မြောက်ဦးမြို့ လော်ကမူအုပ်စု၊ ပြင်ဈေးရပ်ကွက်၊ အ.ထ.က(ခွဲ)၁၊ ပြင်ဈေး၊ မင်းဗာခန်းမတွင် (၃၀.၄.၂၀၂၂)ရက်နေ့ က လူထုအသိပညာပေးမှု ပြုလုပ်ခဲ့သည့်အပြင် ဧပြီ(၂၉)ရက်ကလည်း မြောက်ဦးမြို့ လောကမူအုပ်စု၊ စပါးဆိပ်ရပ်ကွက်၊ ရွှေကြာသိမ်ဘုရားကြီးတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ဒု-ဥက္ကဌ ဦးသန်းမြင့်အဖွဲ့နှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့က မြောက်ဦးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေး အတွက်လုပ်ဆောင်ရမည့်အချက်များနှင့် အမှိုက် များကို သတ်မှတ်ထားသည့် နေရာများတွင် စနစ်တကျ စွန့်ပစ်မည့် အကြောင်း၊ အမှိုက်ကန်(၁၅)ကန်ပြုလုပ်မည်ဖြစ်ပါကြောင်းနှင့် တစ်အုပ်စုလျှင် (၂)ကန် ရရှိမည်အကြောင်းကိုလည်းကောင်း ရှင်းလင်းခဲ့ကြသည်ဟုသိရသည်။

ဒေသခံ မိဘပြည်သူများအနေဖြင့် ယခုချိန်မှစ၍ အမှိုက်များကို ချောင်း၊ မြောင်းများတွင် မပစ်တော့ဘဲ သတ်မှတ်သည့် နေရာများတွင်သာ စနစ် တကျပစ်ကြရန်လည်း ထည့်သွင်း ပညာပေးခဲ့ကြသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here