ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Probox ကားလမ်းလယ်ကျွန်းကာထားသည့် ဂါတ်ဝေးတန်းအားဝင်တိုက် ၄ ဦးဒဏ်ရာရ

0
122

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Probox ကားလမ်းလယ်ကျွန်းကာထားသည့် ဂါတ်ဝေးတန်းအားဝင်တိုက် ၄ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အ မှတ်-၂၁၆/၀ နှင့် ၂၁၆/၁ ကြားတွင် မေ ၁ ရက်ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှသိရသည်။

အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၂ ဦးစီးနင်းလိုက် ပါလာသည့် Probox(အဖြူရောင်)ကားသည် အ ခင်းဖြစ်နေရာအရောက် လမ်းလယ်ကျွန်းအားကာ ရံထားသည့် ဂါတ်ဝေးတန်းအားဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အား ပန်းတင်အမြန်လမ်းမီးသတ်စခန်းနှင့်ပန်းတင်အမြန်လမ်းရဲစခန်းတို့မှတပ်ဖွဲ့ဝင်များကကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြု လုပ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်၌ ကားပေါ်ပါသူများအနက် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့ပိုင်ကားဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ပန်းတင်အမြန်လမ်းရဲစခန်းမှလည်း ကားမောင်းသူအား ဥပဒေအရအမှုဖွင့်အရေးယူရန်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here