သန်လျင်မြို့နေ USDP ပါတီဝင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
147

သန်လျင်မြို့နေ USDP ပါတီဝင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်မြို့၊သန်လျင်မြို့နယ်နေ USDP ပါတီဝင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးရန်နိုင်ရွှေသည် မေ ၁ ရက်ည ၆ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု သန်လျင်မြို့နယ်နေသူများထံမှ သိရသည်။

ဦးရန်နိုင်ရွှေသည် သန်လျင်မြို့နယ်၊ဖို့မြေလမ်းထိပ်ရှိ ဆံပင်ညှပ်ဆိုင်အတွင်းရှိနေစဥ် အမည်မသိအမျိုးသားများက ဆိုင်အတွင်းသို့ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဦးရန်နိုင်ရွှေက ၂၀၂၀ ရွေးကောက်ပွဲတုန်းက USDP ပါတီရဲ့အမတ်လောင်းအနေနဲ့ဝင်အရွေးခံခဲ့တဲ့သူပါ လက်ရှိမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှာအဖွဲ့ဝင်အနေနဲ့ပါတယ် ကျည်ထိသွားတာတွေကတော့များတယ် ဆေးရုံကားနဲ့ခေါ်သွားတာတွေ့တယ်”ဟုသန်လျင်မြို့နယ်နေသူတစ်ဦးကပြော သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးရန်နိုင်ရွှေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့တောင်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာနှင့်ပတ်ဝန်းကျင်အနီးတဝိုက်တို့တွင် စစ် ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ဖြစ်စဥ်ဖြစ်ပြီးပြီးချင်းမှာ သန်လျင်တံတားနဲ့ကု လားဝဲတံတားတွေမှာပိတ်ပြီးစစ်ဆေးနေတယ်လို့ကြားတယ် ဦးရန်နိုင်ရွှေအခြေအနေကတော့ သေလား မသေလားဆိုတာကျွန်တော်တို့လည်းမသိဘူး”ဟုသန်လျင်မြို့နယ်နေသူတစ်ဦးကပြော သည်။

USDP ပါတီဝင်ဦးရန်နိုင်ရွှေအား သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းတိူ့၏လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here