SNLD ဥက္ကဋ္ဌဟောင်းဦးခွန်ထွန်းဦး ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ PPST ပေးပို့

0
89

SNLD ဥက္ကဋ္ဌဟောင်းဦးခွန်ထွန်းဦး ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ PPST ပေးပို့

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့(PPST)မှ ဧပြီ ၃၀ ရက်မွန်းလွဲပိုင်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌဟောင်းဦးခွန်ထွန်းဦး(၇၉)နှစ်ကွယ်လွန်သွားခြင်းအား ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

SNLD ပါတီ ဥက္ကဋ္ဌဟောင်းဦးခွန်ထွန်းဦး ကွယ် လွန်သွားခြင်းအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦး ဆောင်အဖွဲ့ (PPST)အနေဖြင့် ကျန်ရစ်သူမိသား စု၊ဆွေမျိုးများနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရသည်ဟု သဝဏ်လွှာ၌ရေးသားထားသည်။

ဦးခွန်ထွန်းဦးသည် ၁၉၈၈ ခုနှစ် ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကပင် ပထမဆုံးအထွေထွေအတွင်းရေးမှူးအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူဖြစ် သည်ဟု ရေးသားထားသည်။

ထို့ပြင် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူ မျိုးများမဟာမိတ်(UNA)၏ သဘာပတိအဖွဲ့ဝင်နှင့်ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU) ၏ အလှည့်ကျသဘာပတိအဖြစ်လည်း တာဝန်ယူခဲ့ကာ ပင်လုံစာချုပ်ကတိကဝတ်များနှင့်အညီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်အမျိုး သားတန်းတူရေးအတွက် မားမားမတ်မတ်ရပ် တည်တိုင်ပွဲဝင် ဦးဆောင်ဦးရွက်ပြုဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များထဲမှတစ်ဦးအဖြစ် PPST မှအ ထူးဂုဏ်ပြု မှတ်တမ်းတင်သည်ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

ထို့ကြောင့် နိုင်ငံရေးခရီးကြမ်းတလျှောက် ဖက်ဒရယ်ဒီမိုကရေစီအရေး တစိုက်မတ်မတ်လှုပ်ရှားဆောင်ရွက်ခဲ့သည့် ဦးခွန်ထွန်းဦး ကွယ်လွန်မှု သည် ရှမ်းတမျိုးသားလုံးအတွက်သာမက နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား ပြည်သူလူထုအားလုံးအ တွက် စိတ်နှလုံးကြေကွဲ ဝမ်းနည်းစရာဖြစ်သည်။

အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လှိုင်း၊လေထန်သည့် နိုင်ငံရေးအကျပ်အတည်း မုန်တိုင်းကြားဖြတ် သန်းနေရသည့် ယနေ့အချိန်ကာလတွင် ဖက်ဒ ရယ်အရေးအတွက် ဦးတည်ပြီး မယိမ်းမယိုင် လှုပ်ရှားဆောင်ရွက်ခဲ့သည့် ဦးခွန်ထွန်းဦး ကွယ် လွန်သွားခြင်းသည် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအတွက် အစားထိုးမရသည့်ဆုံးရှုံးမှုကြီးကြောင်း PPST ၏ဝမ်းနည်းကြောင်းသဝဏ် လွှာ၌ရေးသားထားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here