မြိတ်မြို့ ကမ်းနားလမ်းတွင် ယနေ့နံနက်ပိုင်းက ဗုံး ၃ လုံးခန့်ပေါက်ကွဲခဲ့

0
291

မြိတ်မြို့ ကမ်းနားလမ်းတွင် ယနေ့နံနက်ပိုင်းက ဗုံး ၃ လုံးခန့်ပေါက်ကွဲခဲ့

တနင်္သာရီတိုင်း၊မြိတ်မြို့၊ဆိတ်ငယ်ရပ်ကွက်၊ကမ်းနားလမ်းရှိ နေရာ ၃ ခုတွင် မေ ၃ ရက်(ယနေ့) နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ကမ်းနားလမ်းရှိ We Love Myeik ဆိုင်းဘုတ်အနီးပေါက်ကွဲမှုဖြစ်စဥ်၌ လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ထိ ခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူနာတင်ကားဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“ကျန်တဲ့ ၂ နေရာရဲ့နေရာအတိအကျကိုတော့ ကျွန်တော်လည်း မသိဘူး ပေါက်ကွဲသံ ၃ ချက်ထဲမှ ဆိုင်းဘုတ်နားမှာပေါက်တာကိုပဲနေရာအတိအ ကျသိတာ ပေါက်ကွဲမှုတွေကတော့ဖြစ်သွားတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာများအား လုံ ခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ ဖောက်ခွဲမှုပြုလုပ်ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။

“ကမ်းနားလမ်းကိုခနပိတ်ပြီးစစ်ဆေးတာတွေ ဗုံးတွေရှိ၊မရှိထပ်ရှာနေတာတွေ လုပ်နေသလို နာရီ စင်နားမှာလည်း ရှာဖွေစစ်ဆေးတာတွေလုပ်နေကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here