ညောင်ဦးမြို့တွင် Telenor တာဝါတိုင် System ပုံးမီးလောင်မှုဖြစ်ပွား

0
222

ညောင်ဦးမြို့တွင် Telenor တာဝါတိုင် System ပုံးမီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ညောင်ဦးမြို့၊အမှတ် ၇ ရပ်ကွက်၊ဝက်ကြီးအင်းရပ်ရှိ Telenor တာဝါတိုင် System ပုံး မေ ၃ ရက်နံနက် ၉ နာရီ ၅၈ မိနစ်ခန့်က မီး လောင်ခဲ့ခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီး သတ်တပ်ဖွဲ့စခန်းမှ သိရသည်။

ဝက်ကြီးအင်းရပ်ရှိ ဘုရားအမှတ်-၂၁၀၆ အနီးရှိ Telenor တာဝါတိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်ဦးခရိုင်မီးသတ်စခန်း၊ညောင်ဦးမြို့နယ်မီးသတ်စခန်းနှင့်အမှတ် ၅ အရန်မီး သတ်စခန်းတို့မှမီးသတ်တပ်ဖွဲ့ဝင်များက ရေဂါလံ ၈၀၀ ခန့်အသုံးပြု၍ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၀ နာ ရီ ၁ မိနစ်၌မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း ညောင်ဦးမြို့နယ်မီး သတ်တပ်ဖွဲ့စခန်းမှ သိရသည်။

မီးလောင်မှုကြောင့် Telenor တာဝါတိုင် System ပုံး၊ ၆ ပေပတ်လည်လူစောင့်တဲနှင့်ပတ်ဝန်းကျင်ကိုင်းတောများမီးလောင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here