ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ် ကျောင်းသား ကိုဉာဏ်ဝင်းထက်၏ မိသားစု ပြန်လည်လွတ်မြောက်လာ

0
205

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ် ကျောင်းသား ကိုဉာဏ်ဝင်းထက်၏ မိသားစု ပြန်လည်လွတ်မြောက်လာ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ် ကျောင်းသား ကိုဉာဏ်ဝင်းထက်၏ မိသားစုအား ဒေါပုံရဲစခန်းတွင် နှစ်ရက်ကြာ ဖမ်းဆီးပြီးနောက် ယနေ့တွင် ပြန်လည်လွှတ်ပေးလိုက်သည်ဟုသိရသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ် ကိုဉာဏ်ဝင်းထက်ကို ဒေါပုံမြို့နယ် အောင်သုခလမ်းရှိ ၄င်း၏နေအိမ်သို့ ပြီးခဲ့သည့်မေလ ၁ ရက်နေ့က လာရောက်ရှာဖွေခဲ့စဉ်မတွေ့၍ မိသားစုထိန်းသိမ်းခံခဲ့ရသည်ဟုသိရသည်။

ကိုဉာဏ်ဝင်းထက်၏ မိဘ ၂ ယောက်အပါအဝင် အိမ်သား ၇ ယောက်လုံးကို ဒေါပုံရဲစခန်းတွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်ဟုသိရသည်။

ကိုဉာဏ်ဝင်းထက်၏ မိဘနှစ်ပါးနှင့် မိသားစုသည် နှစ်ရက်ကြာ ဖမ်းဆီးခံရပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here