တွံတေးမြို့ နာရီစင်အနီးတွင် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
138

တွံတေးမြို့ နာရီစင်အနီးတွင် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊တွံတေးမြို့နယ်၊တွံတေးမြို့၏ နာရီ စင်အနီးတွင် မြဂိုးကျေးရွာနေသူတစ်ဦးဖြစ်သည့် ဦးမြဦးသည် မေ ၃ ရက်(ယနေ့)မွန်းလွဲ ၂ နာရီခွဲခန့်က သေနတ်ဖြင့်ပစ်သတ်ခံရဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

မြဂိုးကျေးရွာနေ ဦးမြဦးအား အမည်မသိလက် နက်ကိုင်အမျိုးသားများက တွံတေးမြို့မရဲစခန်းအနီးရှိ နာရီစင်အနီး၌ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူအပစ်ခံရတဲ့နေရာက တွံတေးမြို့မရဲစခန်းနဲ့နီးတယ် သေနတ်သံ ၄ ချက်လောက်ကြားလိုက်ရတယ် ဖြစ်ပြီးပြီးချင်းပဲ ရဲတွေစစ်သားတွေရောက် လာကြတာပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် ဦးမြဦးသည် အခင်းဖြစ်နေရာ၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်နေရာအနီးတဝိုက်နှင့်ဖြတ်သန်းသွားလာနေသည့် ကားများနှင့်ဆိုင်ကယ်များအား လုံခြုံ ရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here