ပညာရေးဒီဂရီကောလိပ်များသို့ ကျောင်းပြောင်းရွှေ့တက်ရောက်လိုလျှင် ၁၆ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာများ တင်သွင်းနိုင်

0
421

ပညာရေးဒီဂရီကောလိပ်များသို့ ကျောင်းပြောင်းရွှေ့တက်ရောက်လိုလျှင် ၁၆ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာများ တင်သွင်းနိုင်

ပညာရေးဒီဂရီကောလိပ်များသို့ ကျောင်းပြောင်းရွှေ့တက်ရောက်လိုလျှင် လျှောက်လွှာများ တင်သွင်းနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာနမှ ကြေ ငြာချက်တစ်စောင်ထုက်ပြန်ခဲ့ပါသည်။

၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်တမ်းစာမေးပွဲအောင်မြင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ အထူးပြုဘာသာရပ်အသီးသီး၌ ဝင်ခွင့်ရရှိပြီး ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များသို့ ပြောင်းရွေ့တက်ရောက်လိုသူများသည် ၁၆.၅.၂၀၂၂ နောက်ဆုံးထား၍ ညွှန်ကြားရေးမှုးချုပ် ဆရာအတတ်ပညာဦးစီးဌာန ၊ နေပြည်တော်သို့ လိပ်မူ၍လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ကြေ ငြာထားသည်။

“လက်ရှိရရှိထားတဲ့ မေဂျာကနေ ပညာရေးဒီဂရီကောလိပ်တွေကို ပြန်ပြောင်းချင်တယ်ဆိုရင် ဥပမာအနေနဲ့ တက္ကသိုလ်တစ်ခုခုက ကေျာင်းသားရေးရာမှာ ကျောင်းအပ်နှံထားခြင်းမရှိကြောင်း ထောက်ခံစာရယူပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကထုတ်ပေးတဲ့ အမှတ်စာရင်းပါပူးတွဲပြီး အဆည ရန်ကုန်-သထုံရုံးမှာ တင်လို့ရပါတယ်” ဟု ဆရာအတတ်သင်လျှောက်နေသူများထံမှ သိရပါသည်။

မေဂျာများအား လာမယ့် ၂၇.၅.၂၀၂၂ မတိုင်ခင်အချိန်အတွင်း ပြန်လည်ချထားပေးမည်ဖြစ်ကြောင်း​​ကျောင်း​ပြောင်း ​လျှောက်ထားသူများထံမှ သိရပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here