ယူနိုက်တက်အမရာဘဏ်ကားမောင်းသူမှ ကျပ်သိန်းနှစ်ထောင်ကျော်တင်ဆောင်ထားသည့် ဘဏ်ကားအားမောင်းနှင်ထွက်ပြေး

0
109

ယူနိုက်တက်အမရာဘဏ်ကားမောင်းသူမှ ကျပ်သိန်းနှစ်ထောင်ကျော်တင်ဆောင်ထားသည့် ဘဏ်ကားအားမောင်းနှင်ထွက်ပြေး

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်တွင် မေ ၃ ရက်(ယနေ့)နေ့လည်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းနှင့်နီးစပ်သူများထံမှသိရသည်။

ယူနိုက်တက်အမရာဘဏ်မှကားမောင်းသူရာဇာထက်နှင့်ဘဏ်၏အကြီးတန်းစာရေးဦးကြည်စင်ငြိမ်းနှင့်အငယ်တန်းစာရေးဒေါ်ခင်မို့မို့အောင်တို့ သည် မြိတ်မြို့သို့ငွေကျပ် ၂၁၉၅ သိန်းအားလွှဲရန် ရှိသည်ဟု အဆောင်ကောင်းကုမ္ပဏီမှ ဖုန်းဆက် သဖြင့် ဘဏ်မှ Nissan Camery ကားဖြင့်သွား ရောက်လက်ခံယူဆောင်ခဲ့သည်။

ထိုသို့ လက်ခံယူဆောင်လာပြီးနောက် တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်၊မြင်သာ ၂ လမ်းရှိ ဘဏ်အကြီးတန်းစာရေးဦးကြည်စင်ငြိမ်း၏ နေ အိမ်သို့ နေလည်စာစားရန်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စဥ် မြင်သာ ၂ လမ်းအတွင်းကားများပိတ်နေသဖြင့် ကားမောင်းသူရာဇာထက်မှ ကားအားနေရာရွှေ့မည်ဟုပြော၍ထွက်သွားရာမှပြန်လည်ရောက်ရှိလာခြင်းမရှိခဲ့ကြောင်း သိရသည်။

“ကားမောင်းတဲ့လူကပြန်မလာတဲ့အတွက် ဘဏ်ရုံးချုပ်ကိုဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့သိရတယ် ကားကိုပတ်ဝန်းကျင်ကလူတွေအကူအညီနဲ့လိုက်ရှာတော့ တောင်ဥက္ကလာ ၇ ရပ်ကွက်က ရာ ဇာသူရ ၄ လမ်းမှာပြန်တွေ့တယ် ပိုက်ဆံတွေနဲ့ကားမောင်းတဲ့လူကိုတော့မတွေ့တော့ဘူး”ဟုတောင်ဥက္ကလာပမြို့မရဲစခန်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှာ ကားမောင်းသူရာဇာထက်အား တောင်ဥက္ကလာပမြို့ရဲစခန်းတွင်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များကစုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here