ချမ်းမြသာစည်မြို့နယ်တွင် ရှာဖွေစစ်ဆေးမှုများပြုလုပ်စဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့၍ ၅ ဦးသေဆုံးခဲ့

0
122

ချမ်းမြသာစည်မြို့နယ်တွင် ရှာဖွေစစ်ဆေးမှုများပြုလုပ်စဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့၍ ၅ ဦးသေဆုံးခဲ့

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကံသာယာရပ်ကွက်တွင် မေ ၃ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီကျော်ခန့်က လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများပြုလုပ်စဥ် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက ကံသာယာရပ်ကွက်ရှိ Green House Inn ၏အခန်းတစ်ခန်းအား ရှာဖွေစစ်ဆေးရန် တံခါးဖွင့်ခိုင်းရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေနတ်သံတွေကတော့ဆက်တိုက်ပဲကြားရတာ ကြောက်တော့အပြင်မထွက်ရဲဘူး သိရသလောက်ဆိုရင် တံခါးဖွင့်ခိုင်းတဲ့အချိန်မှာ အထဲကအရင်စပစ်တယ်လို့သိရတယ် ပစ်ခတ်မှုဖြစ်ပြီးတော့ သွေးတွေနဲ့လူ ၅ ယောက်ကိုတွေ့တယ် သေနေပြီလို့သိရတယ်”ဟုရပ်ကွက်နေသူတစ်ဦးကပြော သည်။

ထို့အတူ ထိခိုက်ဒဏ်ရာရရှိထားသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး အခန်းအတွင်းမှ သေနတ်တစ်လက်၊ကျည်ဆန်အချို့နှင့်လက်ပစ်ဗုံးတစ်လုံးတို့အား လုံခြုံရေးအဖွဲ့ဝင်များကသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ အဆိုပါ Green House Inn တွင်လက်နက်ကိုင်အဖွဲ့များမှ ထိခိုက်ဒဏ်ရာရသူအချို့ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးရာမှ အပြန်အလှန်ပစ်ခတ်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ ၅ ဦး၏ရုပ်လောင်းများအား လူမှုကူညီကယ်ဆယ်ရေးအသင်းကားများဖြင့် ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here