စစ်ကိုင်းမြို့တွင် ကြက်သွန်များတင်လာသည့်ကုန်ကားမှ ဆိုင်ကယ်အားဝင်တိုက် အမျိုးသမီးတစ်ဦးသေဆုံး

0
142

စစ်ကိုင်းမြို့တွင် ကြက်သွန်များတင်လာသည့်ကုန်ကားမှ ဆိုင်ကယ်အားဝင်တိုက် အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့၊စိန်ကုန်းရပ်ကွက်ရှိ မုံရွာ-မန္တလေးသွားကားလမ်းတွင် မေ ၃ ရက်(ယ နေ့)နေ့လည် ၃ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။

စစ်ကိုင်းဘက်မှမန္တလေးဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား ကြက်သွန်များတင်၍မောင်းလာသည့်ကုန်ကားမှ အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ဆိုင်ကယ်ပေါ်၌မောင်းနှင်လိုက်ပါလာသည့် အမျိုးသား ၂ ဦးသည် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ ထိ ခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာ နချုပ်မှ သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့်သေဆုံးသူတို့အား သုခကာရီလူမှုကူညီရေးအသင်းပိုင်လူ နာတင်ကားဖြင့် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား စစ်ကိုင်းခရိုင်မီးသတ်စခန်း၊စစ်ကိုင်းမြို့နယ်မီးသတ်စခန်း၊သုခကာရီလူမှုကူ ညီကယ်ဆယ်ရေးအသင်းနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

အလားတူ ယာဥ်အားမဆင်မခြင်ပေါ့လျော့စွာမောင်းနှင်ခဲ့သည့် ကုန်ကားမောင်းသူအား စစ်ကိုင်းမြို့မရဲစခန်းမှအမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here