ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထား သောရဟတ်ယာဉ်နှင့် ပတ်သက်သည့် အမှုအတွက် တရားလို လာရောက် အစစ်ဆေးခံ

0
135

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထား သောရဟတ်ယာဉ်နှင့် ပတ်သက်သည့် အမှုအတွက် တရားလို လာရောက် အစစ်ဆေးခံ

 

 

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ရဟတ်ယာဉ် ဝယ်ယူခြင်း၊ ပြုပြင်ခြင်း ကုန်ကျစရိတ်များနှင့် ပတ်သက်၍ စွဲဆိုထားသော ရာကြီးမှုအမှတ်(၅၀) အမှု အတွက် ဧပြီ ၃ရက်( ယမန်နေ့) က တရားလိုဖြစ်သူ လာရောက် အစစ်ဆေးခံခဲ့ကြောင်း တရားရုံနှင့် နီးစပ်သူအသိုင်းအဝိုင်းအချို့ထံမှ သိရသည်။

အဆိုပါအမှုအား နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ်အထူးသီသန့်တရားရုံး၌ စစ်ဆေးကြးာနာခဲ့ကြခြင်းဖြစ်ကာ အမှုတွင် တရားစွဲဆိုထားသူ နိုင်ငံတော်သမ္မတဟောင်းဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ လာရောက်ခဲ့ကြသည်။

အမှုအတွက် တရားကို စစ်ဆေးခြင်း၊ လိုပြသက်သေ စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ပြီး ပြန်လှန်စစ်ဆေးမေးခြင်းအတွက် တရားရုံးက လာမည့် ရုံးချိန်းသို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ရဟတ်ယာဉ် ဝယ်ယူခြင်း၊ ပြုပြင်ခြင်းတို့ နှင့် သက်ဆိုင်သော ပုဒ်မ များဖြစ်သည့် ရာကြီးမှု အမှတ်(၄၆)၊ (၄၇)၊ (၄၈)၊ (၄၉ ) အမှု များကို လည်း လာမည့် ရုံးချိန်းတွင် စစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်း သိရသည်။

ယမန်နေ့က တရားရုံးသို့ လာရောက်ခဲ့ကြသည့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်နေသည်ကို တွေ့ရကြောင်း ဆိုသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here