ပြင်ဦးလွင်မြို့နယ်နိမိတ်အတွင်းရှိ မြေကွက်များနှင့်ပတ်သက်၍ အစိုးရမှ သတ်မှတ်ထားသည့် ခွင့်ပြုမိန့်အပေါ်ကျော်လွန်ဆောင်ရွက်ပါက ဥပဒေအရအရေးယူခြင်းခံရမည်

0
144

ပြင်ဦးလွင်မြို့နယ်နိမိတ်အတွင်းရှိ မြေကွက်များနှင့်ပတ်သက်၍ အစိုးရမှ သတ်မှတ်ထားသည့် ခွင့်ပြုမိန့်အပေါ်ကျော်လွန်ဆောင်ရွက်ပါက ဥပဒေအရအရေးယူခြင်းခံရမည်

ပြင်ဦးလွင်မြို့နယ်နိမိတ်အတွင်းရှိ မြေကွက်များနှင့်ပတ်သက်၍ ယခုနောက်ပိုင်းကာလတွင် မြေယာလုပ်ပိုင်ခွင့်ရ ရှိသူများအနေဖြင့်ကွက်စိပ်ရိုက်ခြင်းကွန်ကရစ်တိုင်စိုက်ထူ၍ ခြံစည်းရိုး ကာရံခြင်း၊ အုတ်တံတိုင်းအခိုင်အမာပြုလုပ်ခြင်းများ ဆောင်ရွက်နေမှုများ အပေါ် မြေအမျိုးအစားအလိုက် နိုင်ငံတော်မှ ခွင့်ပြုပေးထားသည့် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့်လိုက်နာခြင်းမရှိပါ ကသက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်းပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မေလ၄ရက်နေ့က နိုင်ငံပိုင်သတင်းစာမှ အသိပေးကြေညာထားသည်ကို တွေ့ရသည်။

“ပြင်ဦးလွင်မြို့နယ်ထဲမှာ အခုဆိုရင် အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ ကျေးရွာဘုံမြေ၊ရွာမြေတွေမှာ နိုင်ငံတော်အစိုးရက ခွင့်ပြုချထားပေးတဲ့နည်းလမ်းတွေအတိုင်း လုပ်ကိုင် ဆောင်ရွက်ခြင်း မရှိဘဲမြေကွက်တွေကို ကွက်စိပ်ရိုက်ပြီး ဈေးနှုန်းသက်သာစွာနဲ့ အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ပွဲစားတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကြေညာရောင်းချနေကြပါတယ်။ပုံစံ(၇)ရရှိထားပေမယ့် ပုံစံ(၇)ပါစည်းကမ်းချက်များနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ကျော်လွန် ဆောင်ရွက်နေပါတယ်။ လယ်ယာမြေ အခြား
နည်းအသုံးပြုခွင့်လျှောက်ထားပြီး ခွင့်ပြုချက်မရရှိဘဲ မြေကွက်တွေကို အကွက်ရိုက်နေတာတွေ၊အဆောက်အဦဆောက်လုပ်နေတာတွေကို လုပ်ကိုင်နေကြပါတယ်။အခြားနည်းအသုံးပြု ခွင့်ရရှိထားပေမယ့်လျှောက်ထားတဲ့ နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန် ဆောင်ရွက်နေကြပါတယ်။မြို့မြေတွေမှာလည်း မြေငှားဂရန်အငှားချထားခြင်းခံရသူတွေက မြေငှားဂရန်စာချုပ်ပါ စည်းကမ်းချက်များ
နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ကွက်စိပ်များ ရိုက်၍ ရောင်းချနေကြပါတယ်။ မြို့ပေါ်ရပ်ကွက်ကြီး(၂၁)ရပ်ကွက်ဟာ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပါဝင်တယ်ဆိုပြီး ရပ်ကွက်ကြီးတွေရဲ့ စိုက်ပျိုးမြေတွေ၊ လယ်ယာမြေတွေမှာ နေအိမ်တွေ တရားဝင်ဆောက်လုပ်ခွင့်ရှိတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကြော်ငြာပြီး မြေကွက်တွေရောင်းချနေတာတွေကို အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ပွဲစားတွေက လုပ်ကိုင်ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။အဲ့ဒါတွေဟာ သူတို့အနေနဲ့ သူတို့မှ ရှိတဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ဆောင်ရွက်နေကြတာပါ။ဒါကြောင့်မြေအမျိုးအစားအလိုက် နိုင်ငံတော်က ခွင့်ပြုပေးထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။လိုက်နာခြင်းမရှိရင် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနဲ့အညီ အရေးယူခံရမှာဖြစ်ပါတယ်´´ဟု မြို့နယ်အုပ်ချုပ်ရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နိုင်ငံတော်အစိုးရသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့သည် တောင်ပေါ်အပန်းဖြေမြို့၊ခရီးသွားမြို့ဖြစ်သည်နှင့်အညီ ပြင်ဦးလွင်မြို့ ကို (Green City)၊ (Clean City)၊ (Smart City)ဖြစ်အောင် ဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပျက်စီးမှုမရှိအောင်စီမံဆောင်ရွက်လျက်ရှိပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေကွက်များအား ကွက်စိပ်ရိုက်ခြင်းကွန်ကရစ်တိုင်စိုက်ထူ၍ ခြံစည်းရိုး ကာရံခြင်း၊ အုတ်တံတိုင်းအခိုင်အမာပြုလုပ်ခြင်းများ ဆောင်ရွက်နေမှုများ အပေါ် မြေအမျိုးအစား နှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာများမှ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ မြေကွက်များနှင့် ပတ်သက်၍ ကွက်စိပ်ရိုက်၍ မက်လုံးပေး ရောင်းချနေမှုများအပေါ် ယုံကြည်စွာဖြင့် ဝယ်ယူမိ ပါက နောင်တစ်ချိန်တွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာနိုင်ကြောင်း ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မေလ၄ရက်နေ့က အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here