ကျွန်းစုမြို့နယ်ရှိ ငါး၊ပုဇွန်(တန် ၁၀၀၀)အအေးခန်းစက်ရုံမှ ပြည်ပနိုင်ငံများသို့ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း နှစ်စဥ်တင်ပို့ရောင်းချလျက်ရှိ

0
337

ကျွန်းစုမြို့နယ်ရှိ ငါး၊ပုဇွန်(တန် ၁၀၀၀)အအေးခန်းစက်ရုံမှ ပြည်ပနိုင်ငံများသို့ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း နှစ်စဥ်တင်ပို့ရောင်းချလျက်ရှိ

တနင်္သာရီတိုင်း၊ကျွန်းစုမြို့နယ်ရှိ ငါး၊ပုစွန် တန် (၁၀၀၀)အအေးခန်းစက်ရုံသည် မြိတ်မြို့အနီး ပထော်-ပထက်ကျွန်း၌ ရေထွက်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန် ၁၉၉၈ ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်၌တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

ထို့အတူ ရရှိလာသည့်ရေထွက်ကုန်ကြမ်းပစ္စည်းများအား လေလွင့်ဆုံးရှုံးမှုနည်းပါးစေရန်၊နိုင်ငံ၏ နိုင်ငံခြားဝင်ငွေရရှိမှု ပိုမိုတိုးတက်လာစေရန်၊ဒေ သတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုး တက်ရရှိလာစေရန်၊လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊နိုင်ငံသို့ အခွန်ငွေများ တစ်နှစ်ထက်တစ်နှစ် ပိုမိုပေးသွင်းထမ်းဆောင် နိုင်စေရန်၊ဒေသခံတိုင်းရင်းသားများ၏ ပညာ ရေး၊ကျန်းမာရေး၊လူမှုရေးကဏ္ဍများ ပိုမိုတိုး တက်ကောင်းမွန်လာစေပြီး လုံခြုံစိတ်ချသည့် လူ မှုဘဝများ ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တန်(၁၀၀၀)အအေးခန်းစက်ရုံမှရေထွက် ပစ္စည်းများအား အရည်အသွေး၊အရွယ်အစား ရွေးချယ်စစ်ဆေးဝယ်ယူကာ ဆေးကြောသန့်စင် ၍ စနစ်တကျထုပ်ပိုးပြီး အေးခဲတုံးများပြုလုပ်ပြီးနောက် အအေးခန်းများအတွင်းသိုလှောင်ရောင်း ချလျက်ရှိသည်။

ထို့အတူ မြိတ်ဒေသတစ်ခုလုံးရှိ ငါးဖမ်းစက်လှေ ၁၈၀၀ နီးပါးမှ ဖမ်းဆီးရမိသည့် ငါး၊ပုစွန်များအား ဝယ်ယူပေးလျက်ရှိကာ ဂျပန်၊အမေရိကန်၊ဟောင်ကောင်၊တရုတ်၊မလေးရှား၊ဗီယက်နမ်နှင့်ထိုင်းနိုင် ငံတို့၏ အမှာစာများအတိုင်း GAqP လုပ်ငန်းစဉ်နှင့်အညီ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း နှစ်စဥ်တင်ပို့ရောင်းချလျက်ရှိသည်။

နှစ်စဉ် ရေငန်ငါးမျိုးစုံ တန် ၁၀၀၀ ခန့်၊ ပုစွန် တန် ၆၀၀ ခန့်၊ ကဏန်းပျော့ တန် ၂၉၀ ခန့်အား ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကာ နိုင်ငံ တော်သို့ သတ်မှတ်အခွန်နှုန်းထားများအား နှစ်စဥ် ပေးသွင်းလျက်ရှိသည်ဟု သိရသည်။

အဆိုပါ စက်ရုံဧည့်ခန်းမဆောင်၌ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်စက်ရုံတာဝန်ရှိသူ များသည် မြိတ်မြို့၌ ပထမဆုံးအပြည်ပြည်ဆိုင် ရာငါးလေလံစျေး၊စက်မှုဇုန်စီမံကိန်းနှင့်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here