ကမ်းလွန်ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်၍ ရေကြောင်းသတိပေးနှိုးဆော်ချက်ထုတ်ပြန်

0
284

ကမ်းလွန်ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်၍ ရေကြောင်းသတိပေးနှိုးဆော်ချက်ထုတ်ပြန်

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကမ်းလွန်ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်သောကြောင့် ငါးလုပ်ငန်းငန်းဦးစီးဌာနမှ ရေကြောင်းသတိပေးနှိုးဆော်ချက်ကို မေလ၃ရက် ထုတ်ပြန်ကြေညာထားသည်။

ရေကြောင်းသတိပေးနှိုးဆော်ချက်အပြည့်အစုံမှာမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများ တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက် အမှတ်၊ A-1 ဧရိယာတွင် Shwe Phase 2 Development Project အရ Offshore Installaion Activities လုပ်ငန်းများအား Diving Support Vessels, LICHTENSTEIN (Call Sign: C6DC6) ဖြင့် ဆောင်ရွက်သွား မည့် တည်နေရာကို ဖော်ပြသည့် Coordinate များဖြစ်သော Point Aမြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၄၁ ဒသမ ၁၁၅ စက္ကန့်အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၄ မိနစ် ၀၄ ဒသမ ၃၄၀ စက္ကန့်Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၄၂ ဒသမ ၇၅၉ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၂၇ ဒသမ ၂၀၂ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၉ မိနစ် ၅၂ ဒသမ ၇၆၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ်၂၉ ဒသမ ၁၅၉ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၉ မိနစ် ၅၁ ဒသမ ၁၃၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၄ မိနစ် ၀၆ ဒသမ ၉၈၈ စက္ကန့် တို့အတွင်းတွင် ၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်မှ ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်အထိ ဆောင်ရွက် သွားမည်ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ဧရိယာတွင် Shwe Phase 2 Development Project အရ Offshore Installaion Activities လုပ်ငန်းများအား Diving Support Vessels, LICHTENSTEIN ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက် ဖော်ပြပါ တည်နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်းကို ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာထားပါ၍ သငေ်္ဘာကြီးငယ်များကုန်တင်စက်လှေများ၊ ငါးဖမ်း သငေ်္ဘာများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထား ခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်း မပြုလုပ်ကြရန် တို့ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ– ရဲတံခွန်သဘာဓာတ်ငွေ့တူးဖော်ရေးစီမံကိန်း


LEAVE A REPLY

Please enter your comment!
Please enter your name here