UEC ၏ စစ်ဆေးမှုအတွက် SNLD ပါတီ သဘောထား နဂိုအတိုင်းဖြစ်ဟုဆို

0
49

UEC ၏ စစ်ဆေးမှုအတွက် SND ပါတီ သဘောထား နဂိုအတိုင်းဖြစ်ဟုဆို

UEC ၏ စစ်ဆေးမှုအတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ သဘောထားမှာ နဂိုအတိုင်းဖြစ်ကြောင်း အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

လက်ရှိတွင် တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၉ဝ ကျော်ရှိသည့်အနက် ၈၃ ပါတီကို စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း စစ်ဆေးရန် ၁၀ ပါတီ ကျန်ရှိနေသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ စာရင်းများတွင် ဖော်ပြထားသည်။

SNLD ပါတီအနေဖြင့် ကော်မရှင်ရုံးသို့သွားရောက် အစစ်ဆေးမခံခြင်းသာဖြစ်ပြီး စစ်ဆေးလိုသူများအနေဖြင့် ပါတီရုံးသို့လာရောက်စစ်ဆေးနိုင်ကြောင်း ကိုလည်းယင်း ပါတီတာဝန်ရှိများက မီဒီယာအချို့တွင်ပြောကြားထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

“ဘာမှ ထူးတာမရှိသေးဘူး။သူတို့က သတင်းစာရှင်းလင်းပွဲထဲမှာ ပြောထားတယ်မလား။ဇွန်လ ၃၀ ရက်နေ့ထိ ရွှေ့ထားတယ်လေ စစ်ဆေးဖို့ကိစ္စကိုပြောထားတယ်။ဘာအပြောင်းအလဲမှမရှိပါဘူး။ဆုံးဖြတ်ချက်တွေက အရင်အတိုင်းပဲ”ဟု SNLD ၏ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

UEC မှ SNLD ပါတီကို ဇွန်လ ၃ဝ ရက် မတိုင်မီ စစ်ဆေးခံရန်အတွက် နောက်ဆုံးအကြိမ် အသိပေးထားခဲ့ခြင်းဖြစ်ကြောင်း UEC က မီဒီယာများအား သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ၏ လက်ရှိ ဥက္ကဌမှာ ဦးစိုင်းညွန့်လွင်ဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here