ကချင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမြသိန်းပြန်လွတ်လာ

0
88

ကချင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမြသိန်းပြန်လွတ်လာ

ကချင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမြသိန်း မေလ ၁ ရက်က ပြန်လည် လွတ်မြောက်လာကြောင်း NLD ပါတီ ၏ အသိုင်းအဝိုင်းများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က အဖမ်းခံထားရသော ဦးမြသိန်းအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ၂၅ ဖြင့် ထောင်ဒဏ်တစ်နှစ်၊ ကွန်ပျူတာကိုင်ဆောင်မှုဖြင့် ထောင်ဒဏ် သုံးလချမှတ်ခံခဲ့ရခြင်း ဖြစ်ပြီး ယခုအခါ လွတ်ရက်စေ့ပြီ ဖြစ်၍ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

“ဥက္ကဋ္ဌက မြစ်ကြီးနားထောင်ကနေ လွတ်လာခဲ့တာ။သူက လွတ်ရက် ပြည့်ပြီ ဖြစ်ပါတယ်။ဒါကြောင့် လွတ်လာတာပါ”ဟု ပါတီ ၏ အသိုင်းအဝိုင်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။

လွန်ခဲ့သည့်၂၀၁၅ ခုနှစ်က ဦးမြသိန်းသည် ကချင်ပြည်နယ်ရွှေကူမြို့နယ်ကနေ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ်အောင်နိုင်ခဲ့ကာ ပြည်နယ်အစိုးရအဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး အဖြစ်တာဝန်ယူခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်က အနားပေးခံခဲ့ရသူလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here