တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးလူ့အခွင့်အရေးဆုအား ဒေါက်တာစင်သီယာမောင်ရရှိ

0
127

တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးလူ့အခွင့်အရေးဆုအား ဒေါက်တာစင်သီယာမောင်ရရှိ

တောင်ကိုရီးယားနိုင်ငံမှ ၅၁၈ဟုအတိုကောက်ခေါ်ဆိုကြသည့် အောက်မေ့ဘွယ်ဖောင်ဒေးရှင်းက နှစ်စဉ်ချီးမြှင့်သည့် ၂၀၂၂ခုနှစ်အတွက် ဂွမ်ဂျူးလူ့အခွင့်အရေးဆုအား မြန်မာနိုင်ငံမှ ဒေါက်တာစင်သီယာမောင်ရရှိခဲ့ကြောင်း အဆိုပါဖောင်ဒေးရှင်း၏ယထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို တောင်ကိုရီးယား၏ နိုဘယ်ဆုဟုခေါ်ဆိုကြပြီး မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၄ခုနှစ်တွင်ရရှိခဲ့ကာ ဦးမင်းကိုနိုင်က ၂၀၀၉ခုနှစ်တွင် ရှိခဲ့ပြီး ယခုအခါ၂၀၂၂ခုနှစ်တွင် မြန်မာနိုင်ငံမှ ဒေါက်တာစင်သီယာမောင်က ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဆုကို ချီးမြှင့်သည့် အောက်မေ့ဘွယ်ဖောင်ဒေးရှင်းကို ၁၉၈၀ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ဖြစ်ပွါးခဲ့သည့်တောင်ကိုရီးယားနိုင်ငံ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီလှုပ်ရှားမှုကို အထိမ်းအမှတ်ပြုသောအားဖြင့် ထူထောင်ခဲ့ကာ ၂၀၀၀ခုနှစ်မှစတင်၍နှစ်စဉ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေါက်တာစင်သီယာမောင်အား ၂၀၂၂ခုနှစ်အတွက်ဆုပေးအပ်ချီးမြှင့်ခဲ့ရသည့် အကြောင်းအရင်းမှာ မြန်မာဒုက္ခသည်များအား ကူညီကယ်တင်နိုင်ခဲ့ခြင်း၊ ဒီမိုကရေစီအရေး၊ လူ့ အခွင့်အရေးနှင့်ငြိမ်းချမ်းရေးတန်ဖိုးများအပေါ် ကူညီထောက်ပံ့ခဲ့ခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်းသိရသည်။

ကရင်အမျိုးသမီးတယောက်ဖြစ်သည့်ဒေါက်တာစင်သီယာမောင်သည် ၁၉၈၈ခုနှစ်နောက်ပိုင်းကာလများတွင် ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိခဲ့ကာမယ်တော်ဆေးခန်းကို ထူထောင်၍ မြန်မာ့အရေးလှုပ်ရှားသူများ၊ ဒုက္ခသည်များနှက့် ထိုင်းနိုင်ငံရောက် အလုပ်သမားများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးသည့် လုပ်ငန်းများကိုဆောင်ရွက်ခဲ့သူဖြစ်ကာ သူမ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများမှ ချီးမြှင့်ခဲ့သည့် ဆုပေါင်း ၁၈ ခုကိုလည်း ရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here