စျေးရောင်းပြီးပြန်လာသည့် ပြည်ကြီးတံခွန်မြို့ နယ်နေသူအမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
121

စျေးရောင်းပြီးပြန်လာသည့် ပြည်ကြီးတံခွန်မြို့ နယ်နေသူအမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊တောင်မြင့်ရပ်ကွက်နေ ဦးဇော်သည် မေ ၄ ရက်(ယနေ့)နံနက် ၉ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

ဦးဇော် သည်ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာစျေး၌ စျေးရောင်းပြီးဇနီးဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့်ပြန်လာစဥ် အမည်မသိအမျိုးသား ၂ ဦးကဆိုင်ကယ်ဖြင့်လိုက်ပါမောင်းနှင်လာပြီး ပစ် ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စျေးရောင်းပြီးပြန်လာတဲ့အချိန် မြရည်နန္ဒာရပ် ကွက်က ၅၄ လမ်းထောင့်နဲ့ ၁၁၇ လမ်းထောင့်မှာပစ်ခံရတာပါ ထိတော့ထိသွားတယ် သေမသေကတော့ ကျွန်တော်မသိဘူး”ဟုချမ်းမြသာစည်မြို့နယ်နေသူတစ်ဦးကပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးဇော်၌ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“လမ်းဘေးမှာစျေးဝယ်နေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ခြေထောက်လည်းကျည်ထိတယ်ကြားတယ် အတိအကျတော့မသိဘူး”ဟုချမ်းမြသာစည်မြို့နယ်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သူများအား ဖမ်း ဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံ စမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here