ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သည့် အဂတိအမှု အယူခံတက်သည့်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပလပ်

0
111

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သည့် အဂတိအမှု အယူခံတက်သည့်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပလပ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သည့် အဂတိအမှုအတွက် ထောင်ဒဏ် ငါးနှစ်ချမှတ်မှုအား အယူခံတက်သည့်အပေါ် ယနေ့ (မေ ၄ ရက်)တွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က အကျဉ်းနည်းဖြင့် ပလပ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူ အသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ အမှုမှာ ဦးဖြိုးမင်းသိန်းထံမှ အကယ်ဒမီအခေါက်ရွှေ ခုနှစ်ပိသာနှင့် အမေရိကန်ဒေါ်လာခြောက်သိန်း ရယူထားသည်ဟုဆိုကာ စွဲဆိုထားသော အမှုဖြစ်ပြီး၊ ယင်းအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သော ရှေ့နေအဖွဲ့က ပြစ်ဒဏ်ချမှတ်မှုအပေါ် အယူခံတက်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပလပ်ခြင်းသည် နှစ်ဖက်လျှောက်လဲချက်ပေးပြီးမှ ပယ်ချခြင်းမျိုးမဟုတ်ဘဲ၊ လက်ခံရေးသည့် အဆင့်တွင် ပယ်ချခဲ့ခြင်းကြောင့် အကျဉ်းနည်း ပလပ်(Summary dismissal) ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ဧပြီ (၂၇) ရက်နေ့၌ နေပြည်တော် ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးတွင် မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးက ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်ခြင်းဖြစ်ကာ ၊ ယင်းချမှတ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှုမရှိသည့် အတွက် အယူခံတက်ခြင်းဖြစ်ကြောင်း သိရသည်။

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here