ဒီမိုကရေစီကူးပြောင်းစနိုင်ငံတွေနဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မီဒီယာလုပ်ငန်းအားလုံးကို စွမ်းရည်မြင့်မားအောင်ဆောင်ရွက်ပေးဖို့လိုအပ်နေ

0
101

ဒီမိုကရေစီကူးပြောင်းစနိုင်ငံတွေနဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မီဒီယာလုပ်ငန်းအားလုံးကို စွမ်းရည်မြင့်မားအောင်ဆောင်ရွက်ပေးဖို့လိုအပ်နေ

MRTV Media Worldwide Satellite Data Application Service MRTV App & Web ဖွင့်ပွဲအခမ်းအနားအား မေ ၄ ရက်(ယနေ့)ကျင်းပရာ၌ နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံ၏ ပကတိအခြေအနေတွင် မီဒီယာကဏ္ဍများအနေဖြင့် သတင်းတု၊သတင်းမှားများ၊အမုန်းစကားများ၊ကောလဟလများထုတ်လွှင့်၍ တိုင်းပြည်မငြိမ်မစက်ဖြစ်စေရန်၊ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော်လုပ်ကြံဖန်တီးမှုများ မပြုလုပ်ကြစေရန် ဝိုင်းဝန်းဆန့်ကျင်တားမြစ်ကြရမည်ဟု ပြောသည်။

“သတင်းအချက်အလက် နည်းပညာတိုးတက်နေတဲ့ အခုလိုအချိန်မှာ သတင်းမီဒီယာတွေရဲ့သက် ရောက်မှုဟာ အလွန်ထိရောက်မှုရှိတဲ့အတွက် နိုင် ငံကြီးတချို့ရဲ့ မဟာဗျူဟာတွေမှာ နိုင်ငံငယ်တွေကို မီဒီယာတွေကို နည်းလမ်းမျိုးစုံနဲ့ချုပ်ကိုင်လွှမ်းမိုးနိုင်မယ့် အစီအမံတွေပါဝင်နေတဲ့အတွက် ကျွန်တော်တို့အားလုံးက ဥာဏ်အမြော်အမြင်တွေ အသိတရားတွေနဲ့လုပ်ဆောင်ကြရမယ့်အချိန်အ ခါဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်၌ လွတ် လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှု၊ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ်နှင့်ဖွံဖြိုးတိုးတက်မှုတို့သည် မရှိမဖြစ်ရနေရမည်ဖြစ်ကာ ယင်းသို့ရရှိနိုင်မှုများအ တွက် သတင်းမီဒီယာများ၏ အခန်းကဏ္ဍမှာလွန် စွာအရေးကြီးသည်ကို ယူဆသည်ဟုပြောသည်။

“တစ်ခါတစ်ရံမှာ နိုင်ငံရေး၊စီးပွားရေးအင်အားကြီးတဲ့အုပ်စုတွေက မီဒီယာတွေကိုလွှမ်းမိုးခြယ် လှယ်ကြတဲ့အခါမှာ ပြည်သူအချို့ရဲ့သဘောထားခံစားချက်တွေ နစ်နာချက်တွေကို လုံးဝမဖော် ထုတ်နိုင်တော့ဘဲ လျစ်လျူရှု့ခံရတဲ့အခြေအနေကို ရောက်မှန်းမသိရောက်ခဲ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ အဆိုးဆုံးဖြစ်ပေါ်နေမှာများမှာ ပဋိပ က္ခများ၊သဘောထားကွဲလွဲမှုများအား ဖြေလျော့သွားစေရန်လုပ်ဆောင်ရမည့်အစား မီးလောင်ရာလေပင့်သကဲ့သို့ ပိုမိုအားကောင်းလာစေရန် လုပ် ဆောင်မှုများလည်းရှိသည်ဟု ပြောသည်။

“ဒီလိုအခြေအနေမျိုးကို ဒီမိုကရေစီကူးပြောင်းစနိုင်ငံတွေနဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများအပြားဖြစ်ပေါ်နေပါတယ် ဒီကနေ့အခြေအနေမှာ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းအားလုံးကို မီဒီယာကနည်းမျိုးစုံနဲ့လွှမ်းမိုးထားချိန်ဖြစ်တဲ့အတွက် မီဒီယာလုပ်ငန်းအားလုံးကို စွမ်းအားပြည့်အောင် စွမ်းရည်မြင့်မားအောင်ဆောင်ရွက်ပေးဖို့လိုအပ်နေပါပြီ”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here