မြန်မာနိုင်ငံထုတ် Myancopharm ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးဖြင့် စတင်ထိုးနှံ

0
187

မြန်မာနိုင်ငံထုတ် Myancopharm ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးဖြင့် စတင်ထိုးနှံ

နေပြည်တော်ခုတင် ၅၀ ဆံ့ ဇမ္ဗူသီရိဆေးရုံ၌ မြန် မာနိုင်ငံထုတ် Myancopharm ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးအား မေ ၄ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ စတင်အသုံးပြုထိုးနှံပေးခဲ့သည်။

အဆိုပါ Myancopharm ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေးထိုးနှံမှုအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့်တာဝန်ရှိသူများကကြည့်ရှု့ကာ လာရောက်ဆေးထိုးနှံသူများအား တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

နစက ၏စက်မှုဝန်ကြီးဌာန၊မြန်မာနိုင်ငံဆေးဝါးစက်ရုံမှ Ready to fill (RTF) စနစ်ဖြင့်ထုတ်လုပ်သည့် Myancopharm ကိုဗစ်(၁၉)ရောဂါ ကာကွယ် ဆေး ၆ သိန်း doses အား ဧပြီ ၂၉ ရက်နှင့် ၄ သိန်း doses အား ဧပြီ ၃၀ ရက်တို့တွင် ကျန်းမာ ရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ လွှဲပြောင်းလက်ခံထားသည့် ၁ သန်း doses အားသတ်မှတ်ဦးတည်အုပ်စုများအတွင်း စတင်အသုံးပြုထိုးနှံလျက်ရှိကာ အသက် ၅ နှစ်အရွယ်မှ စတင်ထိုးနှံနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များပါ ဘေးကင်းစိတ်ချစွာထိုးနှံနိုင်သည့် ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။

ထို့ပြင် အသက် ၁၈ နှစ်နှင့်အထက်များအနေဖြင့်လည်း ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)အဖြစ်လည်း အသုံးပြုထိုးနှံနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here