တပ်မှူးများအနေဖြင့် စီမံအုပ်ချုပ်ရာတွင် မိဘသ ဖွယ်စိတ်ဓာတ်၊စစ်ခေါင်းဆောင်စိတ်ဓာတ်အား နေရာမှန်အောင်ဆက်ဆံ၍ ဦးဆောင်သွားရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

0
185

တပ်မှူးများအနေဖြင့် စီမံအုပ်ချုပ်ရာတွင် မိဘသ ဖွယ်စိတ်ဓာတ်၊စစ်ခေါင်းဆောင်စိတ်ဓာတ်အား နေရာမှန်အောင်ဆက်ဆံ၍ ဦးဆောင်သွားရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

အကောင်းဆုံးစီမံအုပ်ချုပ်ရမည်နှင့်ပတ်သက်၍ နစက ဒု-ဥက္ကဋ္ဌ ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မော်လမြိုင်တပ်နယ်နှင့်ထားဝယ်တပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုဝင်များအား တွေ့ဆုံအမှာစ ကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားများအနေဖြင့် ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များအား အကောင်အထည် ဖော်ရာတွင် အောင်မြင်မှုရရန် အုပ်ချုပ်ရေးအား စနစ်တကျဆောင်ရွက်ရန်လိုကာ တပ်မတော်၏ အုပ်ချုပ်ရေးအား စစ်ဦးစီး၊စစ်ရေး၊စစ်ထောက်ပင်နယန်ကြီး သုံးရပ်ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

“လုပ်ငန်းတာဝန်အားလုံးအတွက် လုပ်ထုံးလုပ် နည်း စည်းမျဉ်း၊စည်းကမ်းတွေ သတ်မှတ်ပေးထားပြီးဖြစ်ပါတယ် စစ်သည်တွေရဲ့ စားရေး၊နေရေး၊ဝတ်ရေးကစပြီး ကျန်းမာရေးအထိ ထောက် ပံ့ဖြည့်ဆည်းမှုတွေအပြင် မိသားစုတွေရဲ့ အရေးအရာတွေကိုလည်း အုပ်ချုပ်ရေးဆိုင်ရာသတ် မှတ်ဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် တပ်မတော်၏ မူဝါဒ၊လုပ်ထုံးလုပ်နည်း၊စည်းမျဉ်း၊စည်းကမ်းများအားသိရှိ လိုက်နာဆောင်ရွက်၍ အကောင်းဆုံးစီမံအုပ်ချုပ်သွားရန်လိုကာ အုပ်ချုပ်ရာတွင်လည်း တပ်မှူးများအနေဖြင့် မိဘသဖွယ်စိတ် ဓာတ်၊စစ်ခေါင်းဆောင်စိတ်ဓာတ်အား နေရာမှန်အောင်ဆက်ဆံ၍ ဦးဆောင်သွားရန်လိုအပ်သည်ဟုပြောသည်။

“တပ်မတော်ရဲ့ အဓိကတာဝန်က နိုင်ငံတော်ကာ ကွယ်ရေးဖြစ်တာကြောင့် ဘိုးဘေးတွေ ခေတ်အ ဆက်ဆက်ထူထောင်ခဲ့တဲ့ နိုင်ငံတော်ကြီး အဓွန့် ရှည်တည်တံ့ခိုင်မြဲစေဖို့ ကာကွယ်စောင့်ရှောက်သွားရမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြော သည်။

ယင်းသို့ ကာကွယ်ရန် တပ်မတော်သားအချင်း ချင်း၊မိသားစုဝင်အချင်းချင်းသည် ရေပက်မဝင်သည့် စည်းလုံးညီညွတ်မှုရှိရမည်ဖြစ်ကာ လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အ ရေးကြီးသည့်အစိတ်အပိုင်းမှ ပါဝင်ဆောင်ရွက်နေသဖြင့် ပေးအပ်လာသည့်လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်နိုင်ရန် ကိုယ်ရော စိတ်ပါ ကျန်းမာကြံ့ခိုင်ရန်လိုသည်ဟုပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here