‌ ရန်ကုန်-ဒလတံတားစီမံကိန်းကြီး ၃၆ရာခိုင်နှုန်းထိ ပြီးစီးမှုရှိနေ

0
70

‌ ရန်ကုန်-ဒလတံတားစီမံကိန်းကြီး ၃၆ရာခိုင်နှုန်းထိ ပြီးစီးမှုရှိနေ

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းစတင်စဉ်က ၂၀၂၁ ခုနှစ်တွင် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားခဲ့သော်လည်း လက်ရှိတွင် စီမံကိန်းတစ်ခုလုံး၏ ၃၆ ရာခိုင်နှုန်းသာ တည်ဆောက်ပြီးစီးလျက်ရှိကြောင်း သိရသည်။

ယင်းမြစ်ကူးတံတား ရန်ကုန်ဘက်ခြမ်းတည်ဆောက်ရေးတွင် ဒလဘက်မှ ဘုန်းကြီးလမ်းအတိုင်း နှစ်လမ်းသွားတံတားတစ်စင်း၊ ဒလဘက်မှ ကမ်းနားလမ်းအတိုင်း ရန်ကုန်မြို့တွင်း ဆူးလေဘုရားဘက်သို့ တစ်လမ်းမောင်း တံတားတစ်စင်း၊ ဒလဘက်မှ ကမ်းနားလမ်းအတိုင်း အလုံမြို့နယ်ဘက်သို့ တစ်လမ်းမောင်း တံတားတစ်စင်း စုစုပေါင်းတံတား သုံးစင်းတည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ တံတားဟာ အရှည်ပေ (၆ဝဝဝ) ကျော်ရှိကာ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်၊ သံမဏိကြိုးဆိုင်း တံတားအမျိုးအစားဖြစ်ကာ လုပ်သားအင်အား ၆၅၀ ဖြင့် စီမံကိန်းအကောင်အထည်ဖော်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်ရှိသည့် သံမဏိကြိုးဆိုင်းတံတားများအနက် ယခုတည်ဆောက်နေသည့် တံတားမှာ အကြီးဆုံးနှင့် အရှည်ဆုံးတံတားဖြစ်သည်။

“စီမံကိန်းကို လာမယ့်၂၀၂၃ခု နှစ်ပိုင်းလောက်မှာ အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ပြီးတော့ နိုင်ငံခြားဘက်နဲ့ပူးပေါင်းဆောင်ရွက်ပြီးတွက်ချက်မှုတွေအရလည်း အဲ့နှစ်လောက်မှာ ပြီးနိုင်မယ်လို့ သိရပါတယ်။ အခုလက်ရှိလည်း ပြီးစီးမှုအခြေအနေတွေကို ကျွန်တော်တို့ဘက်ကပြန်တွက်ချက်တာ​တွေလုပ်ဆောင်နေပါတယ်” ဟု တံတားဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။

စီမံကိန်းစတင်ကထဲက ကြီးမားသည့်အခက်အခဲတစ်စုံတစ်ရာမရှိပဲ ယခုချိန်ထိ အောင်မြင်စွာ ပူးပေါင်းတည်ဆောက်နေကြောင်း ၎င်းမှဆက်ပြောသည်။

ဒလ မြစ်ကူးတံတားစီမံကိန်းအား (၂၀၁၉) ခုနှစ်၊ မေလတွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ( ၂၀၂၂) ခုနှစ်၊ အောက်တိုဘာလတွင် အပြီးတည်ဆောက်ဖို့ လျာထားခဲ့​သော်လည်း ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ရပ်နားထားခဲ့ရပြီး ( ၂၀၂၁) ခုနှစ်၊ ဇွန်လမှာ ဆက်လက် ဆောင်ရွက်နေ​​ခြင်းဖြစ်သည်။

ယခုစီမံကိန်းပြီးစီးပါက အကျိုးကျေးဇူးများ အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ဖွံဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here