ပြည်နယ်တစ်ခု၏တိုးတက်မှုအား ကုန်ထုတ်လုပ် မှုနှင့်ဝန်ဆောင်မှုတို့မှရရှိသည့်တန်ဖိုး တစ်နည်း GDP အားကြည့်၍ ယေဘုယျသုံးသပ်နိုင်မည်ဟု နစက ဒု- ဥက္ကဋ္ဌပြော

0
136

ပြည်နယ်တစ်ခု၏တိုးတက်မှုအား ကုန်ထုတ်လုပ် မှုနှင့်ဝန်ဆောင်မှုတို့မှရရှိသည့်တန်ဖိုး တစ်နည်း GDP အားကြည့်၍ ယေဘုယျသုံးသပ်နိုင်မည်ဟု နစက ဒု- ဥက္ကဋ္ဌပြော

မွန်ပြည်နယ်အစိုးရအဖွဲ့များ၊ပြည်နယ်၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများတာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ တွေ့ဆုံအမှာစကားပြောကြားစဥ် နစက ဒု- ဥက္ကဋ္ဌ၊ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်နယ်တစ်ခု၏ တိုးတက်မှုအား ကုန်ထုတ်လုပ် မှုနှင့်ဝန်ဆောင်မှုတို့မှ ရရှိသည့်တန်ဖိုး တစ်နည်း GDP အားကြည့်၍ ယေဘုယျသုံးသပ်နိုင်မည်ဖြစ် သည်ဟုပြောသည်။

ထို့ပြင် မွန်ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းတွင် နှစ်စဉ်လိုငွေဖြစ်ပေါ်မှုရှိ၍ ပြည်ထောင်စုဖြည့်စွက်ငွေမှ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့ပြီး ပြည်နယ်အတွင်း ကဏ္ဍစုံမှဝင်ငွေတိုးတက်၍ ထောက်ပံ့မှုလျှော့ချနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် ၏ ဦးဆောင်မှု၊ဌာနဆိုင်ရာများ၏ လိုက်ပါဆောင် ရွက်မှုတို့ဖြင့် ပြည်သူလူထုအခြေပြုစီးပွားရေးက ဏ္ဍ တိုးတက်လာရေးအတွက် ပညာပေးစည်းရုံးဆောင်ရွက်ရန် နစက ဒု- ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

“အဲဒီလိုဆောင်ရွက်ရာမှာ တစ်ဦးကောင်း၊တစ်ယောက်ကောင်းနဲ့မရဘဲ ဌာနဆိုင်ရာဝန်ထမ်းအား လုံးနဲ့အလွှာပေါင်းစုံက ပူးပေါင်းပါဝင်ပြီး အကြံ ကောင်း၊ဉာဏ်ကောင်းတွေနဲ့ ပေါင်းစပ်ဆောင် ရွက်ဖို့လိုပါတယ်”ဟု နစက ဒု- ဥက္ကဋ္ဌကပြောသည်။

အလားတူ မွန်ပြည်နယ်အတွင်း စိုက်ပျိုးမြေဧက ၁ ဒသမ ၅ သန်းကျော်တွင် ဧက ၇ သိန်းကျော်အား စိုက်ပျိုးလျက်ရှိပြီး သီးထပ်စိုက်ပျိုးခြင်း၊သီးညှပ်စိုက်ပျိုးခြင်းအပြင် လစ်လပ်မြေနေရာများ၌ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ၌ ပြည်နယ်အတွက် ဝင်ငွေတိုးတက်လာမည်ဖြစ်ကာ တာဝန်ရှိသူများအနေဖြင့်လည်း ဒေသမှထွက်ရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်များအား လုံလောက်သည့် ဈေးကွက်ရရှိရေးစေရန် စီမံဆောင်ရွက်ပေးရန်အရေးကြီးသည်ဟုပြောသည်။

အလားတူ မွန်ပြည်နယ်၏အဓိကထွက်ကုန်ဖြစ်သည့် ရော်ဘာအားကုန်ကြမ်းအဖြစ် ရောင်းချမှုအ စား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ပြောင်းလဲထုတ် လုပ်ရောင်းချပါက ဒေသခံများ၏ ဝင်ငွေတိုး တက်ရရှိနိုင်မည်ဟုပြောသည်။

“မွန်ပြည်နယ်အတွက်အလားအလာရှိတဲ့ စီးပွား ရေးအဖြစ် ခရီးသွားလုပ်ငန်းလည်းပါဝင်လာမှာဖြစ်ပါတယ် ကျိုက်ထီးရိုးဘုရား၊ကျိုက္ခမီရေလယ်ဘုရား၊စက်စဲအပန်းဖြေကမ်းခြေ၊သံဖြူဇ ရပ်က သေမင်းတမန်မီးရထားလမ်း၊စစ်သင်္ချိုင်း၊ရှေးဟောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေအပြက် ရှေးဟောင်းမြို့တော်တွေဟာ ပြည်တွင်း၊ပြည်ပခရီးသွားတွေအတွက် စိတ်ဝင်စားဖွယ်ဆွဲဆောင်မှုကောင်းတဲ့ နေရာတွေဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

အဆိုပါ လုပ်ငန်းများအား မီးခိုးမထွက်သည့်စက် ရုံများအဖြစ်တင်စားကာ ဝင်ငွေကောင်းသည့် ဝန် ဆောင်မှုလုပ်ငန်းများဖြစ်၍ ယခုကပင် အနာဂတ်အတွက် မျှော်မှန်းပြီး စနစ်တကျပြင်ဆင်စီမံပေးရန်လိုအပ်သည်ဟုပြောသည်။

“တစ်ဖက်က ဝင်ငွေရရှိရေးကြိုးပမ်းဆောင်ရွက်သလို တစ်ဖက်မှာလည်း မကုန်သင့်တာကို မကုန်အောင် စက်သုံးဆီနဲ့စားသုံးဆီတွေကို ချွေတာစီစစ်သုံးစွဲရင်း နိုင်ငံခြားငွေယိုပေါက်တွေကို ထိန်း သိမ်းကြရမှာဖြစ်ပါတယ်”ဟု နစက ဒု- ဥက္ကဋ္ဌ၊ဒု- ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here