လာမည့် မိုးကာလ၌ ရွှေကုန်ကြမ်းများမပြတ်လပ်ရန် ပြည်ပမှတင်သွင်းမည်

0
124

လာမည့် မိုးကာလ၌ ရွှေကုန်ကြမ်းများမပြတ်လပ်ရန် ပြည်ပမှတင်သွင်းမည်

ပြည်တွင်းမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃လအတွင်း ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိစေဖို့အတွက် ပြည်ပကနေတင်သွင်းဖို့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ကနေသိရပါတယ်။

မိုးကာက ၃လအတွင်း တွင်းပြိုမှုများ၊ လုပ်သားအင်အားအခက်အခဲများကြောင့် ရွှေပြတ်လတ်မှုမရှိစေရန်ကြိုတင်ကာကွယ်သည့်အနေဖြင့် တင်သွင်းမှုပြုလုပ်ကြောင်း ယင်းဌာနမှသိရသည်။

” လက်ရှိပြည်တွင်းမှာ ရွှေကုန်ကြမ်းက လုံးဝပြတ်တောက်နေတာမျိုးတော့ မရှိပါဘူး၊ ရာခိုင်နှုန်းအနေနဲ့ပြောရရင် ဝယ်သူတွေစုထားတဲ့ ကုန်ကြမ်းရာခိုင်နှုန်းက ၇၅ရာခိုင်နှုန်းထိ ရှိနေပြီးတော့ ရောင်းချသူတွေစုထားတဲ့ ကုန်ကြမ်းကတော့ ၂၅ရာခိုင်နှုန်းထိ ရှိနေတာပါ။ အဲ့တာကြောင့် ဝယ်လိုအားကတော့ကောင်းနေတယ်လို့ပဲပြောလို့ရပါတယ်။ ဒါပေမယ့် အဲ့၇၅ရာခိုင်နှုန်းက လုပ်ငန်းရှင်တွေဆီပြန်မလည်လာတာကြောင့် ရှေ့လာမယ့် ၃လမှာ ကုန်ကြမ်းပြတ်တောက်တာမျိုးတွေမဖြစ်ရအောင်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလိုစီမံချက် ၅ရပ်ကိုချမှတ်လိုက်တာဖြစ်ပါတယ်” ဟု ​ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ပြည်တွင်း၌ ကုန်ကြမ်းအနေဖြင့် အဓိကအားထားရာဟာ ရွှေတွင်းများနှင့် အထည်ပျက်များဖြစ်ပြီး တွင်းထွက်အနေနဲ့ ယခုလများထိ ရွှေကုန်ကြမ်းအဝင်များရှိနေသေးကြောင်းလည်း ၎င်းကဆက်ပြောသည်။

ငွေကြေးစောင့်ကြည့်ရေးကော်မတီမှချမှတ်ထားသည့်ရွှေစျေးနှုန်းများ၊ ကမ္ဘာ့ရွှေစျေးကွက်မှနှုန်းထားများနှင့် တွက်ချက်ပြီး စျေးကွက်တွင်ပုံမှန်ရောင်းချနေလျက်ရှိကြောင်းလည်း သိရသည်။

” အခုလက်ရှိကြုံနေရတဲ့ စျေးကွက်မတည်ငြိမ်မှုတွေဆိုတာကလည်း ရွှေဝယ်စုထားကြတဲ့သူတွေရဲ့ စျေးနှုန်းထိန်းထားခြင်းပေါ့ ဆရာတို့စကားအရဆို စျေးနှုန်းထိုင်စောင့်တယ်ခေါ်တာပေါ့ ကိုယ်ဝယ်ရတဲ့စျေးနဲ့ ကိုယ်​ပြန်ရောင်းတဲ့စျေးကို စောင့်နေတဲ့သဘောမျိုးပေါ့ အဲ့လိုမျိုးတွေကြောင့် စျေးကွက်ထဲ မတည်ငြိမ်တာတွေရှိနေရတာပါ ” ဟု​ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူမှ ဆက်ပြောသည်။

ဈေးကွက်ထဲ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိစေဖို့အတွက် ရွှေကုန်သည်ကြီးတွေနဲ့ YGEAတို့ မေ(၄)ရက်က ဆွေနွေးခဲ့ကြပြီး ရွှေကုန်ကြမ်းကို နိုင်ငံခြားက တင်သွင်းဖို့အပါအဝင် ဆုံးဖြတ်ချက်(၅)ရပ် ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေတွင်းလိုင်စင်ရှိတဲ့သူတွေနှင့် ဆက်သွယ်ကာ ရွှေဝယ်ယူမှုကိုဆောင်ရွက်ဖို့အပြင် နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုတွေမှာ တိုင်းနှင့်ပြည်နယ်အသင်းများဆက်သွယ်ပြီး တားဆီးဆောင်ရွက်ဖို့လည်း ဆွေးနွေး ဆုံးဖြတ်ခဲ့​ကြောင်း သိရသည်။

လက်ရှိမှာ မေ(၅)ရက် YGEA ၏ အဖွင့်ဈေးအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားဟာ ကျပ်သိန်းနှစ်ဆယ် နှစ်သောင်း ခြောက်ထောင့် ခုနစ်ရာရှိကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စဟာ အမေရိကန်ဒေါ်လာ ၁၉၀၁ ဒေါ်လာရှိသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here