Wednesday, January 8, 2025

” မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်”ဟု ရှမ်းယူနိုက်တက်အသင်း...

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မစ္စတာဟီရိုကီအိုနိုမှ " မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်"ဟု ပြောကြားခဲ့သည်။ ယနေ့ ဇန်နဝါရီ ၇ ရက်ညနေ ၅ နာရီခွဲက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု ကောလာဟလထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်မှတစ်ဆင့် ကောလာဟလရေးသားထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့်“အခေါက်ရွှေ ရောင်းသူ ဝယ်သူတိုက်ရိုက်” facebook Group တွင် Anonymous participant အမည်ဖြင့်...

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက...

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၇ ရက်နံနက် ၁၀...

ဒေါ်လာနှင့် ထိုင်းဘတ်များကို ဗဟိုဘဏ်ထပ်မံထုတ်ရောင်း

ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ တတိယအကြိမ် ဒေါ်လာနှင့် ထိုင်းဘတ်များကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက်...
HomeNewsLocal Newsမြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်အုပ် ချုပ်မှုစနစ်ကပိုကောင်းမည်ဟု...

မြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်အုပ် ချုပ်မှုစနစ်ကပိုကောင်းမည်ဟု EAO များကို သေချာနားလည်‌အောင် ရှင်းပြရမည်ဟု နစက ဥက္ကဋ္ဌပြော

မြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်အုပ် ချုပ်မှုစနစ်ကပိုကောင်းမည်ဟု EAO များကို သေချာနားလည်‌အောင် ရှင်းပြရမည်ဟု နစက ဥက္ကဋ္ဌပြော

ငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့်မြန်မာနိုင်ငံဖြင့် သင့်တော်သည့် ဖက်ဒရယ်အုပ်ချုပ်မှုစနစ်သည် ပိုမိုကောင်းမွန်ကြောင်းဖော်ထုတ်ရရှိခြင်း တို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး(၃/၂၀၂၂)တွင်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရဖြစ်လာတဲ့ ပြည်ထောင်စုနေ့အပေါ်မှာ အဓိပ္ပါယ်အမျိုးမျိုးဖွဲ့ပြီး တောင်းဆိုချက်အမျိုးမျိုးကြောင့်ဖြစ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဟာ၇၅နှစ်တာကာလကိုရောက်လာပြီဖြစ်ပါတယ် ။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ နိုင်ငံရေးသဘောထားကွဲလွဲမှု ၊ဒါက ကွန်မြူနစ်ကနေပြီး လွတ်လပ်ရေးဆိုတာ တိုက်မှ ရတယ်ဆိုပြီး အဲ့ဒီကနေ ၁၉၄၈ ခုနှစ်၊မတ် ၂၈ ရက်နေ့မှာ တောခိုတာတွေကစပြီး ကွန်မြူနစ်လက်နက်ကိုင်ပဋိပက္ခကနေစခဲ့တာကြောင့် ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်လာခဲ့တာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

“အဲ့ဒီရဲ့ဇစ်မြစ်က ခုထိကျွန်တော်တို့ အကင်းမသေသေးပါဘူး ။ ဒါကိုကျွန်တော်တို့က ဖြေရှင်းနိုင်ဖို့အတွက်ခေတ်အဆက်ဆက်လည်းကြိုးစားခဲ့တယ်။ ဦးနု လက်ထက် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တွေမှာလည်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလုပ်ခဲ့တယ် အောင်မြင်တာတွေရှိသလို မအောင်မြင်တာတွေလည်းရှိတယ်။ လူတွေထောင်နဲ့ချီပြီး လက်နက်စွန့်လွှတ်ခဲ့တာတွေလည်းရှိတယ်။ ဒါတွေကို မှတ်တမ်းထဲမှာ ပြန်ကြည့်လို့ရှိရင်တွေ့ပါလိမ့်မယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

“တပ်မတော်အစိုးရတက်လာချိန် ၁၉၈၉ ခုနှစ်မှာ ကျွန်တော်တို့က တစ်နိုင်ငံလုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ငြိမ်းချမ်းရေးအနေနဲ့ပစ်ခတ်တိုက်ခိုက်မှုရပ်လိုက်တယ်။ စာချုပ်မချုပ်နိုင်ဘူး Gentlemen aggrement တွေပဲယူခဲ့တာ UWSA “၀”အဖွဲ့ မိုင်းလားအဖွဲ့ ဦးစခုံတိန့်ယိမ်း တို့အထူးဒေသ ၁ တို့၊ ၂ တို့၊ ၃ တို့ ဒါတွေ အများကြီးရှိခဲ့တယ်။ ငြိမ်းချမ်းရေးစာချုပ်မချုပ်နိုင်ခဲ့ဘူး ။၂၀၁၅ ခုနှစ် ဦးသိန်းစိန်လက်ထက်မှာ NCA စာချုပ်ချုပ်ဆိုနိုင်ခဲ့ပေမယ့် လုံးဝမပြီးဆုံးသေးဘဲ ၂၀၁၆ ခုနှစ်ကစပြီး ၂၀၂၀ ပြည့်နှစ်အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု)ပင်လုံလုပ်ခဲ့တယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

“လာမယ့် လွတ်လပ်ရေးနေ့ဟာ စိန်ရတုဖြစ်လာပြီ ကျွန်တော်တို့ ခုထိတိုင်းပြည်လည်းမငြိမ်းချမ်းဘူး၊ ဒီမိုကရေစီအခွင့်အရေးလည်း မခံစားရဘူး၊ လွတ်လပ်ရေးရဲ့အသီးအပွင့်လည်းမခံစားရဘူး ဒါကြောင့် ဒီနှစ်ကို ငြိမ်းချမ်းရေးရအောင် ကျွန်တော်ကြိုးစားကြည့်မယ်ဆိုပြီး မနှစ်ကစပြောခဲ့ပါတယ်။ ဒီနှစ်မှာလည်းပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က ငြိမ်းချမ်းရေးဖိတ်ခေါ်တာတွေပြုလုပ်ခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

“တချို့လက်ခံတဲ့အဖွဲ့အစည်းတွေလည်း ရှိတယ်၊ ကျွန်တော်တို့တော့ ဘယ်သူ့သတင်းပို့ဖို့လိုပါသေးတယ် ဘယ်ကော်မတီရဲ့ဆုံးဖြတ်ချက်ရှိဖို့လိုပါသေးတယ်စသည့် ဖြစ်ရပ်မျိုးစုံရှိနေတော့ ရိုးရိုးရှင်းရှင်းလေးပဲ ခင်ဗျားတို့ ကျွန်တော် ငြိမ်းချမ်းရေးဖိတ်ခေါ်တယ် ခေါင်းဆောင်တွေကိုယ်တိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် ကျွန်တော်တွေ့ပါမယ် ၊တစ်ဖွဲ့ချင်းကျွန်တော်တွေ့မယ်၊ ခေါင်းဆောင်တွေကိုယ်တိုင် တစ်ဖွဲ့ချင်းတွေ့ ပါမယ် အဲ့ဒီခေါင်းဆောင်တွေ လာတဲ့အခါမှာ တိုင်ပင်လို့ရအောင် အဖွဲ့ဝင်နှစ်ယောက်နဲ့လာခဲ့ပါ၊ ကျွန် တော်နဲ့ပထမဦးဆုံးစတွေ့မယ် ၊တွေ့ပြီးကျွန်တော်က နစက အဖွဲ့ဝင် ၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တွေနဲ့တစ်ဖွဲ့ချင်း ဆွေးနွေးမယ်၊ တစ်ဖွဲ့ချင်းဆွေးနွေးပြီး ကျွန်တော်တို့ ရှင်းလင်းပြောမယ် သူတို့လိုချင်တာကိုလည်း ကျွန်တော်တို့တတ်နိုင်သလောက် ညှိနှိုင်းဆောင် ရွက်မှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

တစ်ဖက်တည်းတင်းနေ၍မရသဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ညှိနှိုင်းဖြေရှင်းရမည်ဖြစ်ကာ နစက အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ဖြစ်အောင်သွားရမည်ဖြစ်ပြီး မိမိတို့သွားချင်သည့်လမ်းကြောင်းသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် ဒီမိုကရေစီနိုင်ငံတော်သွားချင်ကာ အဆိုပါအချက်သည် ပြည်သူတစ်ရပ်လုံးမှ လိုချင်သည့်ဆန္ဒဖြစ်သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“ကျွန်တော်တို့ အုပ်ချုပ်မှုပုံစံဟာ ဆင့်ကဲဆင့်ကဲ အုပ်ချုပ်မှု ခွဲဝေပေးတဲ့အုပ်ချုပ်မှုစနစ်ပုံစံ မျိုးနီးပါးပဲ လုပ်တာကိုတွေ့ပါတယ် ၊ဒါကြောင့်မြန်မာနိုင်ငံနဲ့သင့်တော်တဲ့ ဖက်ဒရယ်အုပ်ချုပ်မှုစနစ်ကိုသွားတာ ပိုကောင်းလိမ့်မယ်ဆိုတာကို ဖော်ထုတ်လို့ရတယ်၊ ဒါကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေ သေချာနားလည်အောင် ရှင်းပြပြီးရင် သူတို့ဘယ်လိုဖြစ်ချင်တာလဲ၊ ကျွန် တော်တို့ကဘယ်လို တိုင်းပြည်အခြေအနေဒီလိုရှိတယ် ရှင်းလင်းကြမယ် တွေ့ကြမယ် သူတို့ ပြောတာ ကျွန်တော်နားထောင်ပါ့မယ် အကုန်လုံးနား ထောင်ပြီးရင်ဖြစ်သင့်ဖြစ်ထိုက်တာကို ဆန္ဒနဲ့ ဘ ဝနဲ့ ဒီလိုပြန်ပြီးကြည့်ရမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

” မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်”ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ပြော

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မစ္စတာဟီရိုကီအိုနိုမှ " မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်"ဟု ပြောကြားခဲ့သည်။ ယနေ့ ဇန်နဝါရီ ၇ ရက်ညနေ ၅ နာရီခွဲက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် Asean Club Championship/AFF Shopee Cup 2024-2025 အုပ်စု(A)ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်နှင့် တီရန်ဂါနူးအသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ရှေ့နှစ်ပွဲမှာ ရလဒ်မကောင်းခဲ့လို့ မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ တီရန်ဂါနူးအသင်းက ထိပ်တန်းကစားသမားတွေ ပိုင်ဆိုင်ထားတဲ့အသင်း။ ပြည်ပကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့အသင်းပါ။ ဒါပေမယ့် အသင်းရဲ့အားနည်းချက်တွေအားလုံးကို ပြင်ဆင်ထားပါတယ်" ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မစ္စတာဟီရိုကီအိုနို ကပြောသည်။ ထို့အတူ...

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု ကောလာဟလထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်မှတစ်ဆင့် ကောလာဟလရေးသားထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့်“အခေါက်ရွှေ ရောင်းသူ ဝယ်သူတိုက်ရိုက်” facebook Group တွင် Anonymous participant အမည်ဖြင့် ငွေကျပ်(၂၀၀၀၀)တန်ထုတ်ဝေနေပြီဖြစ်ကြောင်း" “ဒီ ၂၀၀၀၀/- ကျပ်တန်တွေက ဘယ်ကထွက်နေတာလဲ Photoshop လည်းမဟုတ်ကြည့်ရတာအတော်များများထွက်လာတာတွေ့ရတယ်” Hsung Aom အမည်ဖြင့် “ဒီနေ့ဘဏ်မှာ ငွေသွားထုတ်တာ ၂ သောင်းတန်တွေပေးလိုက်တယ်ရှင့် ၂ သောင်းတန်က တရားဝင်ထွက်နေပီးလားမသိဘူးရှင့်?”ဟူ၍ ရေးသားဖော်ပြမှုများနှင့်ပတ်သက်၍ ဗဟိုဘဏ်ကပြန်လည်ရှင်းလင်းအသိပေးခဲ့ခြင်းဖြစ်သည်။ ငွေကျပ် ၂၀,၀၀၀/- တန်နှင့်ပတ်သက်၍ ကောလာဟလသတင်းများထုတ်လွှင့်ကာ ကုန်ပစ္စည်းများဈေးကစားရန်၊ ဒေါ်လာအပါအဝင် နိုင်ငံခြား ငွေများအားဈေးကစားရန်၊...

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၇ ရက်နံနက် ၁၀ နာရီက မြန်မာနိုင်ငံဆိုင်ရာ အီရန်နိုင်ငံသံအမတ်ကြီးအ ဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး H.E. Dr. Nassereddin HEIDARI ၏ သံအမတ်ခန့်အပ်လွှာအား လက်ခံရယူစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ လွတ်လပ် ၍တရားမျှတသောရွေးကောက်ပွဲဖြစ်စေရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များဖိတ်ခေါ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071