ရွှေဘိုမြို့တွင် ဈေးဝယ်ပြန်လာသူ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခံရ

0
69

ရွှေဘိုမြို့တွင် ဈေးဝယ်ပြန်လာသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ


စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့တွင် ဆိုင်ကယ်ဖြင့် မြို့တွင်းမှ ဈေးဝယ်ပြန်လာသူ အသက်၆၀နှစ်ခန့် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

“အမှတ်(၇)ရပ်ကွက်ထဲက အောင်ဇေယျလမ်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ ဘကြီးတစ်ယောက်ကို နောက်ကလိုက်လာတဲ့ယောက်ကျာ်းလေးနှစ်ယောက်က အနီးကပ်သေနတ်နဲ့ပစ်သွားတာပါ။သေနတ်ဖြင့်ခံရတဲ့ ဘကြီးကတော့ ဗိုက်ကို မှန်သွားတာပါ။လူနာတင်ကားနဲ့ဆေးရုံကို ပို့လိုက်တာတွေ့ရတယ်´´ဟုမြို့ခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၆) ရပ်ကွက်၊ သိရိမင်္ဂလာရပ်ကွက်နေ ဦးသောင်းတင်သည် မေလ၄ရက် မွန်းလွဲ၁၂နာရီ၃၀မိနစ်ခန့်က
မြို့တွင်းမှ ဈေးဝယ်ပြီး အိမ်သို့ပြန်လာစဉ် အမှတ်(၇)ရပ်အောင်ဇေယျလမ်းပေါ်တွင် ၎င်း၏ အနောက်မှ ဆိုင်ကယ်ဖြင့်လိုက်ပါလာသော အမည်မသိအမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသောင်း
တင်တွင် ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့
ပြီး လူနာတင်ယာဉ် မြို့နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here