နစက၏ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်နှင့်ပတ်သတ်ပြီး အပစ်ရပ်အဖွဲ့များစည်းဝေးတိုင်ပင်လျှက်ရှိ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း ဖြင့် ဖြေရှင်းရေးမူကို PPST က ခိုင်ခိုင်မာမာ ရပ်တည်ထားဟုဆို

0
171

နစက၏ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်နှင့်ပတ်သတ်ပြီး အပစ်ရပ်အဖွဲ့များစည်းဝေးတိုင်ပင်လျှက်ရှိ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း ဖြင့် ဖြေရှင်းရေးမူကို PPST က ခိုင်ခိုင်မာမာ ရပ်တည်ထားဟုဆို


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)အထူးအစည်းအဝေး(၀၁/၂၀၂၂)
အား ယနေ့ မေလ (၆)ရက်ကစပြီး ကျင်းပနေပြီဖြစ်သည်။

PPST ဦးဆောင်မှုကော်မတီ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ““အထူးအစည်းအဝေး ခေါ် ယူကျင်းပရခြင်းရဲ့ အကြောင်းအရာကတော့ SAC ဥက္ကဌ ဖိတ်ခေါ်မှုကိစ္စအပေါ် PPST အဖွဲ့ဝင်များ၊ PPST ပူးပေါင်းအဖွဲ့ အစည်းများတို့အကြား အမြင်သဘောထားများ ဖလှယ်ပြီးတော့ သဘောထားများကို စုစည်းပြီး လိုအပ်တဲ့ ပြင်ဆင်မှုများ ချမှတ်နိုင်ရန်နဲ့ အဲဒီကတဆင့် စုပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ရည်မျှော်ပြီး ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ဒီဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး Stakeholder များအကြား မတူကွဲပြားတဲ့ အမြင်သဘောထားတွေ ရှိနေတာကို အား လုံး ကြားသိရပြီး ဖြစ်ပါလိမ့်မယ်။ ဒီအတွက် PPST အနေနဲ့ ဒီဖိတ်ခေါ်မှုကို ချဉ်းကပ်တဲ့အခါမှာ ပြီးခဲ့တဲ့ Summit က ချမှတ် ပေးလိုက်တဲ့ NCA အနှစ်သာရ မူ (၃) ချက်၊ နိုင်ငံရေးရည်မှန်းချက် (၇) ချက်နဲ့ နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက် (၈) ဆင့်တို့အပေါ် အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
လက်ရှိ ရင်ဆိုင်နေရတဲ့ အထွေထွေနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရာမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း ဖြင့် ဖြေရှင်းရေးမူကို PPST က ခိုင်ခိုင်မာမာ ရပ်တည်ထားပါတယ်။ ဒါ့အပြင် မည်သည့် ဆွေးနွေးညှိနှိုင်းမှုများမှာမဆို သက်ဆိုင်သူ အားလုံးပါဝင်ရမှာဖြစ်ပြီး ပဋိပက္ခများ လျှော့ချနိုင်ရေးနဲ့ အတိဒုက္ခရောက်နေကြတဲ့ ပြည်သူများကို အကာအ ကွယ်ပေးနိုင်ရေးအတွက်လည်း အစဉ်တစိုက် ကြိုးပမ်းနေရမှာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ အမြင်များကိုလည်း အလေးအနက်ထားပြီး နားလည်မှုများရရှိရေးကို အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ “ဟုအစည်းအဝေးတွင် ပြောသည်။

ယနေ့ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အထူးအစည်းအဝေးသို့ PPSTခေါင်းဆောင်များ၊ ကိုယ်စားလှယ်များPPST ပူးပေါင်းအဖွဲ့များ၊ PPST အကြံပေးပုဂ္ဂိုလ်များ၊ အထောက်အကူပြု များအားလုံးတက်ရောက်လျှက်ရှိနေကြသည်ဟုသိရသညိ။

PPST ဦးဆောင်မှုကော်မတီ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ယနေ့ အထူးအစည်းအဝေးကြီးတွင် SAC ဥက္ကဌ ဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး –

၁။ မိမိတို့အတွင်း အကျေအလည် ဆွေးနွေးပြီး သဘောထားများကို သတ်မှတ်ထားသော အချိန်အတွင်း စုစည်းသွားဖို့နဲ့ အခြား EAOs များနှင့်လည်း ဆက်လက် ညှိနှိုင်းသွားဖို့။

၂။ ၄င်းဖိတ်ကြားမှုအပေါ် ပြင်တွင်းပြည်ပမှ ဆန့်ကျင်သော၊ အမြင်မတူညီသော အင်အားစုများနဲ့လည်း နားလည်မှုရရှိရေး ကြိုးပမ်းသွားဖို့၊

၃။ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှလည်း အကြံပြုချက်များ ရယူသွားဖို့၊

၄။ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများအတွက် အချက်အလက်အားဖြင့် ပြည့်စုံမှုရှိစေရေးအတွက် ပြင်ဆင်သွားကြဖို့တို့ အတွက် သဘောထားနဲ့ လုပ်ငန်းစဉ်များ ချမှတ်နိုင်ကြဖို့ကို အလေးအနက် တိုက်တွန်းလိုကြောင်းလည်း ပြောကြားသည်။

အစည်းအဝေးအား ၂ရက်ကြာကျင်းပမည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here