မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေ ၉သိန်းကျော်လာဟု OCHA ထုတ်ပြန်

0
205

မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေ ၉သိန်းကျော်လာဟု OCHA ထုတ်ပြန်

၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့အထိ အတည်ပြုထားတဲ့ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေဟာ စုစုပေါင်း ၉၂၄,၈၀၀ ရှိနေတယ်လို့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ OCHAက ဒီကနေ့မေလ၆ရက်နေ့မှာ အသိပေးလာပါတယ်။

ဒီအထဲကမှ လူဦးရေ ၅၇၈,၂၀၀ ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လုံခြုံရေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွါရသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ဆက်လက်ပြင်းထန်နေဆဲတိုက်ပွဲတွေကြောင့် အဲ့ဒီဒေသတွေက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးဝါးနေဆဲဖြစ်တဲ့အကြောင်းတဲ့ဒီဒေသကပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေဟာ ဆက်လက်မြင့်တက်လာခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့အထိရတဲ့ အချက်အလက်တွေအရ ၃၂၇,၄၀၀ ဦးရှိတယ်လို့ပါ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာဆိုရင်လည်း လူဦးရေ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးကြရတယ်လို့ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ဒေသခံအရင်းအမြစ်တွေရဲ့အတည်ပြုချက်ကိုကိုးကားပြီးတော့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ OCHAက ဒီကနေ့မေလ၆ရက်နေ့မှာ အသိပေးလာပြီးစစ်ကိုင်းတိုင်းဒေသကြီးမှာ နေရပ်စွန့်ခွာသူဦးရေစုစုပေါင်း ၂၄၀,၆၀၀ ရှိလာကာ တစ်ချိန်တည်းမှာပဲ နေရပ်စွန့်ခွာသူဦးရေဟာ ချင်းပြည်နယ်မှာ ၃၆,၃၀၀ ဦးနဲ့ မကွေးတိုင်းဒေသကြီးမှာ ၅၀,၅၀၀ ဦး ရှိနေကြဆဲပဲလို့ ပြောပါတယ်။

ဒါ့အပြင် အနောက်မြောက်ဒေသမှာ အရပ်သားပိုင် အိုးအိမ်ပစ္စည်းတွေဖျက်ဆီးခံရတဲ့ သတင်းတွေဆက်လက်ရှိနေတဲ့အကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိ ဘာသာရေးအဆောက်အဦးတွေ၊ အရပ်သားပိုင်ပစ္စည်းတွေအပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး ဖျက်ဆီးခံရတာ၊ ဒါမှမဟုတ် မီးရှို့ခံရတာတွေရှိခဲ့တယ်လို့ သတင်းတွေအရ သိရှိရကြောင်း အစီရင်ခံစာကဖော်ပြတာတွေ့ရပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here