မှတ်ပုံတင်ကတ်အပို ထားရှိကိုင်ဆောင်ခြင်း ပြစ်မှု မြောက်ကြောင်း အသိပေးကြေညာ

0
224

မှတ်ပုံတင်ကတ်အပို ထားရှိကိုင်ဆောင်ခြင်း ပြစ်မှု မြောက်ကြောင်း အသိပေးကြေညာ

အသက် (၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း”စီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများကို (၃-၅-၂၀၂၁)မှ(၃-၁၁-၂၀၂၂) နေ့အထိ နိုင်ငံတစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အတုကိုင်ဆောင်ခြင်းနှင့် ကတ်အပို ထားရှိကိုင်ဆောင်ခြင်းများ မဆောင်ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာအသိပေးထားသည်ဟုသိရသည်။

မှတ်ပုံတင်အတု နှင့် ကတ်အပိုကိုင်ဆောင်ခြင်းသည် တည်ဆဲဥပဒေများအရ ပြစ်မှု မြောက်ပါကြောင်းလည်း အသိပေးထားသည်ကိုတွေ့ရသည်။
ယခုအခါလိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာ တွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို (၁-၄-၂၀၂၂) နေ့ (၆:၀၀) နာရီမှစ၍ ပြသစစ်ဆေး ခံရမည်ဖြစ်ပြီး နေ့စဉ်ရက်ဆက်ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများကို ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ကြောင်းလည်းသိရသည်။
လက်ရှိတွင် မှတ်ပုံတင်ကတ်စစ်ဆေးခြင်းအား နေရာအနှံတွင် ဆောင်ရွက်နေသည့်အတွက် ပြည်သူများအနေဖြင့် မှတ်ပုံတင်အား ကိုယ်နှင့်မကွာဆောင်ထားရန်လိုအပ်ပြီး မှတ်ပုံတင်မရှိသေးလျှင် မှတ်ပုံတင်ပြုလုပ်သင့်ပါသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here