ဘီးလင်းမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေပိုမိုများ ပြားလာသဖြင့် အကူအညီများလိုအပ်နေ

0
158

ဘီးလင်းမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေပိုမိုများ ပြားလာသဖြင့် အကူအညီများလိုအပ်နေ

KNU-သထုံခရိုင်၊ဘီးလင်းမြို့နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပစ်ခတ်မှုများကြောင့် ဒေသခံကျေးရွာအချို့မှ ရွာသူ၊ရွာသားများမှာ စစ်ဘေးရှောင်အဖြစ်တိမ်းရှောင်နေရသူပိုမိုများပြားလာသဖြင့် အခက်အခဲများဖြစ်ပေါ်နေကာ အကူအညီများလိုအပ်လျက်ရှိကြောင်း KNU ဗဟိုမှထုတ်ပြန်ခဲ့သည်။

ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်သူဦးရေပိုမိုများပြားလာကာ နေရာထိုင်ခင်း၊စားနပ်ရိက္ခာ၊ဆေးဝါးနှင့်သောက်သုံးရေ အခက်အခဲများရှိနေသည်ဟု သထုံခရိုင်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီမှ သိရသည်။

“ဘီးလင်းမြို့နယ်၊လေးကေကျေးရွာကို လက်နက်ကြီးပစ်ခံရပြီးနောက်ပိုင်းမှာ ဒေသခံစစ်ဘေးရှောင်က ၁၀၀၀၀ ကျော်လောက်အထိရှိလာခဲ့တယ် စစ်ဘေးရှောင်များလာတော့ နေရာထိုင်ခင်းနဲ့အစားအသောက်အတွက် တော်တော်ခက်ခဲလာတယ်”ဟုစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ဘေးရှောင်များသည် အစားအသောက်နှင့်ဆေးဝါးပစ္စည်းများအရေးပေါ်လိုအပ်လျက်ရှိကာ အိမ်သာမရှိသဖြင့် အချို့စစ်ဘေးရှောင်များမှာ ဝမ်းပျက်၊ဝမ်းလျောရောဂါဖြစ်ပွားမှုများလည်းရှိနေကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေကိုလာပြီးလှူတဲ့လူတွေတော့ရှိပါတယ် ဒါပေမယ့်လှူတဲ့လူနဲ့စစ်ဘေးရှောင်ဦးရေကမမျှတော့ လိုအပ်ချက်တွေကတော့အများကြီးရှိနေသေးတာပါပဲ ဆေးဝါးကတော့ အဓိကလို အပ်ချက်ဖြစ်နေပါတယ် သောက်သုံးရေလည်းလိုတယ်”ဟု စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။

KNU-သထုံခရိုင်ခရိုင်ရှိ သထုံ၊ဖားအံ၊ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့်ဒေသခံလက်နက်ကိုင်အဖွဲ့များကြားတွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေများရှိနေကြောင်း သိရသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here