မြန်မာနိုင်ငံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒုတိယအဆင့်ပေးအပ်နိုင်ရေးအစည်း အဝေးအတွက် ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် ဖနောင်ပင်မြို့သို့ရောက်ရှိနေ

0
58

မြန်မာနိုင်ငံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒုတိယအဆင့်ပေးအပ်နိုင်ရေးအစည်း အဝေးအတွက် ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် ဖနောင်ပင်မြို့သို့ရောက်ရှိနေ

ကမ္ဘောဒီးယားနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြား ရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Prak Sokhoon ၏ဖိတ်ကြားချက်အရ ရောက်ရှိနေခြင်းဖြစ် သည်။

AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့(Task Force)ဥက္ကဋ္ဌ၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးကိုကိုလှိုင် ဦးဆောင်သည့် မြန် မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ခြင်းဖြစ် သည်။

ထိုသို့ သွားရောက်ရခြင်းမှာ မြန်မာနိုင်ငံသို့လူ သားချင်းစာနာထောက်ထားမှုအကူအညီ ဒုတိယအဆင့်ပေးအပ်ဖြန့်ဖြူးနိုင်ရေးအတွက် အစည်း အဝေးတက်ရန်သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးအား အကူအညီများပေးအပ်ရာ၌ ရှိရင်းစွဲအာဆီယံသဘောတူညီမှု မူဘောင်အတွင်းမှ အကူအ ညီများပိုမိုပေးအပ်နိုင်ရေးအတွက် ဖြစ်နိုင်သည့် နည်းလမ်းများနှင့်တူညီသည့် နားလည်မှုရရှိရေးတို့အတွက်ရည်ရွယ်ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။

ဖနောင်ပင်မြို့သို့ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မေ ၅ ရက်ညနေပိုင်းတွင် OCHA’s ၏ လူ့အခွင့် အရေးဆိုင်ရာလက် ထောက်အထွေထွေအတွင်းရေးမှူးချုပ်နှင့်အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး Ms. Joyce Msuya ၏ မေတ္တာရပ်ခံချက်အရ ခေတ္တတည်းခိုသည့် Sokha Hotel ၌လက်ခံတွေ့ ဆုံခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here