အသက်မပြည့်သေးသည့်မိန်းကလေးကို တရုတ်နိုင်ငံသားက သံရုံး၊ တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့၍ အလုပ်နှင့် ထောင်ဒဏ်၃နှစ်ချမှတ်

0
139

အသက်မပြည့်သေးသည့်မိန်းကလေးကို တရုတ်နိုင်ငံသားက သံရုံး၊ တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့၍ အလုပ်နှင့် ထောင်ဒဏ်၃နှစ်ချမှတ်

အသက်မပြည့်သေးသည့်မိန်းကလေးကို တရုတ်နိုင်ငံသားတစ်ဦးကသံရုံး၊ တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ သားမယားအဖြစ်ပေါင်းသင်းနေထိုင် သဖြင့်လူကုန်ကူးမှုဖြင့် မေလ၃ရက်နေ့ကအလုပ်နှင့်ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လက်ထပ်ထိမ်းမြားရန်ပြောဆိုစည်းရုံးပေးသူအမျိုးသမီးကိုလည်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်ဟုသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာနေ မလှလှနွယ်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်နေ မ …(၁၇) နှစ် ကို ၎င်းအလုပ်ရှင်ဖြစ်သည့် တရုတ်နိုင်ငံသား Yangxiaq Ming (ခ) ရောင်မြင့်က ချစ်ကြိုက်နေကြောင်း၊ပေါင်းသင်းပါက ငွေကျပ် သိန်း ၁၅၀ ရမည်ဟု ပြောဆိုစည်းရုံး၍တရုတ်နိုင်ငံသား Yangxiaq Ming (ခ) ရောင်မြင့်က သံရုံး၊ တရားရုံးတို့၏ ခွင့်ပြုချက်မရှိဘဲ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ) ၂၄၂၆/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည်ဟုသိရသည်။

ခရိုင်တရားရုံးက တရုတ်နိုင်ငံသား Yangxiaq Ming(ခ) ရောင်မြင့်နှင့် မလှလှနွယ် (ခ)မာယာနွယ်တို့ကို မေ ၃ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here