ရေဖြူမြို့နယ်တွင် USDP ပါတီဝင်တစ်ဦး နေအိမ် ၌သေနတ်ဖြင့်ပစ်သတ်ခံရ

0
180

ရေဖြူမြို့နယ်တွင် USDP ပါတီဝင်တစ်ဦး နေအိမ် ၌သေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ဧကနိကျေးရွာနေ USDP ပါတီဝင်တစ်ဦးဖြစ်သည့် ဦးကြည်စိုးသည် မေ ၅ ရက်ညနေ ၄ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

ဦးကြည်စိုးအား အမည်မသိအမျိုးသား ၂ ဦးမှနေအိမ်အတွင်းသို့ဝင်ရောက်၍ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကာ ပစ်ခတ်ပြီးနောက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“အိမ်ထဲအထိဝင်ပစ်သွားတာ သေနတ်သံတွေတော့ကြားတယ် အော်သံတွေလည်းကြားတယ် ချက်ခြင်းထွက်မကြည့်ရဲဘူး သေနတ်သံတွေထပ်မကြားရတော့မှထွက်စုံစမ်းကြည့်တော့ ဦးကြည်စိုးပစ်ခံရတာကိုသိတာ”ဟုဒေသခံတစ်ဦးကပြော သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးကြည်စိုးမှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်ဖြစ်ပြီးသိပ်မကြာဘူး စစ်သားတွေ ရဲတွေရောက်လာပြီး ရွာထဲကိုလှည့်ပတ်ပြီးစစ်နေတာတွေ့တယ် သေနတ်နဲ့ပစ်သွားတဲ့လူတွေကိုလိုက်ရှာနေကြတာ”ဟုဒေသခံတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here