ကျောက်ဆည်မြို့မှ NLDပါတီဝင်အမျိုးသားနှစ်ဦး အသတ်ခံရ

0
59

ကျောက်ဆည်မြို့မှ NLDပါတီဝင်အမျိုးသားနှစ်ဦး အသတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့မှ NLD ပါတီဝင်အမျိုးသားနှစ်ဦး အသတ်ခံခဲ့ရပြီး ၎င်းတို့၏ ရုပ်အလောင်းများအား မေလ၆ရက်နံနက်ပိုင်းက ကျောက်ဆည်-ပုလိပ်လမ်းဆုံတွင် လာရောက်စွန့်ပစ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“သေသွားတဲ့သူတွေက ကြက်မင်းတွန်ရပ်နဲ့တံ တားလည်ရပ်မှာ နေတဲ့ NLD အမာခံ ဦးညိုထွန်းဇော်နဲ့ဦးတင်သိန်းတို့ပါ။PDFအဖွဲ့ကို ထောက်ပို့လုပ်လို့ဆိုပြီးသတ်ခံရတယ်လို့ပြောနေကြတယ်။အလောင်းတွေမှာ သွေးသောက်အဖွဲ့ဆိုပြီး ဆွဲကြိုးအနီတွေ ဆွဲထားတာတွေ့ရတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့
နယ်၊ကျောက်ဆည်- ပလိပ်လမ်းဆုံတွင်သဆုံးနေသော အမျိုးသားအလောင်း၂ လောင်းအား တွေ့ရှိရကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူနှစ်ဦးသည် ကြက်မင်းတွန်ရပ်နှင့်တံတားလည်ရပ်တွင် နေထိုင်သော NLD ပါတီဝင်ဦးညိုထွန်းဇော်နှင့် ဦးတင်သိန်းတို့ဖြစ်ကြောင်း၊သေဆုံးသူများတွင် သွေးသောက်အဖွဲ့အမည်ပါဝင်သောလည်ဆွဲများကို ဆွဲထားသည်ကိုတွေ့ရကြောင်း၊သေဆုံးသူနှစ်ဦးစလုံးတွင် ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာများတွေ့ရှိရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းများကလည်း ချမ်းအေးသာစံမြို့နယ်၊မဟာအောင်မြေမြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊အမရပူရမြို့နယ်များမှNLDပါတီအမာခံ ၇ဦးခန့် အလားတူပုံစံမျိုး အသတ်ခံခဲ့ရပြီး၊ သေဆုံးသူများအားလုံးတွင် အနီရောင်စစ်ဆင်ရေး၊သွေးသောက်အဖွဲ့ဟုအမည်ပါသော လည်ဆွဲအနီများ ချိတ်ဆွဲခံရထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here