မော်လိုက်မြို့နယ်တွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး အသတ်ခံရ

0
103

မော်လိုက်မြို့နယ်တွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်မြို့နယ်၊တပ်ကုန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ သက်တော်(၅၇)နှစ်၊ဝါတော်(၃၀)ဝါရှိ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးအား မေလ၃ရက်နေ့နံနက်၁နာရီခွဲက လက်နက်ကိုင်သူအချို့က ဖမ်းဆီးခေါ်ဆောင်၍ ကျောင်းပြင်ပတွင် အသတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အခုလ၃ရက်နေ့ မနက်အစောကြီးမှာ ရွာကို လက်နက်ကိုင်တွေရောက်လာပြီး ရွာဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကို ကျောင်းအပြင်မှာ သေနတ်နဲ့ပစ်သတ်သွားကြတာပါ။ကျောင်းမှာ သီတင်းသုံးနေတဲ့အခြားသံဃာတော်နှစ်ပါးကတော့ အချိန်မီရှောင်နိုင်လိုက်တော့ကံကောင်းသွားပါတယ်´´ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ နယ်၊ တပ်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ မေလ၃ရက်နေ့နံနက်၁နာရီခွဲက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဘဒ္ဒန္တဓမ္မပီယ(၅၇)နှစ် ဝါတော် (၃၀)ဝါအား ကျောင်းအပြင် သို့ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဆရာတော်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်နှင့်အတူ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိသော ဘဒ္ဒန္တသူရိယ(၄၄)နှစ် ဝါတော်(၂၄)ဝါနှင့်ဘဒ္ဒန္တဉာဏိက(၃၅)နှစ် ဝါတော်(၁၆)ဝါတို့မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here