ထားဝယ်တက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမ(၄၆)ဦးအသစ်ခန့်အပ်

0
48

ထားဝယ်တက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမ(၄၆)ဦးအသစ်ခန့်အပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၊ ဘာသာရပ်အသီးသီးတွင် အသစ်ခန့်အပ် ထားသောနည်းပြ/ သရုပ်ပြ ဆရာ၊ ဆရာမများအား ကြိုဆိုပွဲအခမ်းအနားကို မေလ၅ရက်နေ့နံနက် ၉ နာရီ က ထားဝယ်တက္ကသိုလ်(ပင်မဆောင်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

ထားဝယ်တက္ကသိုလ် ဘာသာရပ်အသီးသီးအတွက် သစ်လွင်ဆရာ၊ ဆရာမ ၄၆ ဦးခန့်ထားခဲ့မှုအပေါ် ကြိုဆိုပွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ပညာရေးသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်မှုတွင်အခြေခံကျသော အခန်းကဏ္ဍမှာပါဝင်သည့် အတွက်ပညာရေးကဏ္ဍအတွက် အခြေခံ လိုအပ်ချက်ဖြစ်သော ဆရာ၊ ဆရာမများ တိုးချဲ့ဖြည့်စွက်ခန့်ထားနိုင်ရန် သက်ဆိုင် ရာ တက္ကသိုလ်များ အလိုက် ဆောင်ရွက်ခဲ့ပါသည်ဟုပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here