ဝမ်းတွင်းမြို့နယ် EPC ရုံးဝန်ထမ်းအိမ်ယာ၌ ဗုံးပေါက်ကွဲ

0
145

ဝမ်းတွင်းမြို့နယ် EPC ရုံးဝန်ထမ်းအိမ်ယာ၌ ဗုံးပေါက်ကွဲ

မန္တလေးတိုင်း၊ဝမ်းတွင်းမြို့နယ်ရှိ မြို့နယ် EPC ရုံးဝန်ထမ်းအိမ်ယာတွင် မေ ၆ ရက်(ယနေ့)နံနက်အစောပိုင်း ၄ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုသည် ဝန်ထမ်းအိမ်ယာအနီး၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ အဆောက်အဦးတစ်ခုအနည်းငယ်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်ကွဲတာမှာ အဆောက်အဦးတစ်ခုပဲအ နည်းအကျဥ်းပျက်စီးသွားပါတယ် လူထိခိုက်တာတော့မရှိခဲ့ပါဘူး”ဟုဒေသခံတစ်ဦးကပြော သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များမှ အခင်းဖြစ်နေရာအားစစ်ဆေးရာ လက် လုပ်ဗုံးအပိုင်းအများအားသိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအ တွက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“စစ်တာကတော့ တော်တော်စစ်တယ်လို့ပြောရမယ် ဆိုင်ကယ်တွေဆိုရင်လည်း အမျိုးသားနှစ်ယောက်စီးလာတာတွေ့ရင် ပိုပြီးစစ်တယ်”ဟုဒေသခံတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here