မဟာအောင်မြေမြို့နယ် ၄၁လမ်းပေါ်တွင် ကျောက်သမားနှစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး တစ်ဦးသေဆုံး

0
124

မဟာအောင်မြေမြို့နယ် ၄၁လမ်းပေါ်တွင် ကျောက်သမားနှစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး တစ်ဦးသေဆုံး

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၄၁လမ်း၊၈၆ လမ်းနှင့်၈၇လမ်းကြားရှိ တောင်ခွင်မင်းကြီးရှေ့တွင် ထိုင်နေသော ကျောက်သမားနှစ်ဦးသည်မေလ၆ရက်နေ့ နံနက်၁၁နာရီခန့်က အမည်မသိ အမျိုးသား၅ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခြင်းကိုခံခဲ့ရပြီး တစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးခဲ့ကာ တစ်ဦးမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“တောင်ခွင်မင်းကြီးကျောင်းရှေ့က ခေါက်ဆွဲဆိုင်မှာ ထိုင်နေတဲ့ ဦးမိုးကိုနဲ့ဦးသောင်းတင်ကို ဆိုင်ကယ်နဲ့ ရောက်လာတဲ့သူတွေက သေနတ်နဲ့ပစ်သတ်သွားတာပါ။ ဦးမိုးကိုကတော့ ပစ်ခံရတဲ့နေရာမှာ သေသွားပြီး ဦးသောင်းတင်ကတော့ ဒဏ်ရာတွေရခဲ့လို့ လူနာတင်ယာဉ်နဲ့ဆေးရုံကို ပို့လိုက်ပါတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မေလ၆ရက်နေ့ နံနက်၁၁နာရီခန့်က မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ တောင်ခွင်မင်း ဘုန်းကြီးကျောင်း‌ရှေ့ရှိ ခေါက်ဆွဲဆိုင်တွေ ထိုင်နေသော ကျောက်သမားနှစ်ဦးဖြစ်သည့် ဦးမိုးကိုနှင့်ဦးသောင်းတင်တို့အား အမည်မသိ အမျိုးသား ငါးဦးခန့်မှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမိုးကိုမှာ လက်ဝဲဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ညာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဦးသောင်းတင်မှာလက်ဝဲနံတွင် ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး ၎င်းအား လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here