တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၅၀ ကျော် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၌ ဖမ်းဆီးခံရ

0
231

တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၅၀ ကျော် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၌ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသူများရှိနေကြောင်း သတင်းအရ တာ့ခ်ခရိုင်၊၀မ်ကျောင်းမြို့နယ်တာဝန်ရှိသူများက စုံ စမ်းစစ်ဆေးမှုများပြုလုပ်စဥ် မေ ၆ ရက်(ယနေ့) တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၀မ်ကျောင်းမြို့နယ်တာဝန်ရှိသူများက ကင်းလှည့်စစ်ဆေးခြင်းများနှင့် ဂိတ်ချ‌စစ်ဆေးခြင်းများပြု လုပ်စဉ် ထနုံထုံချိုင်းတောင်တန်းမှတဆင့် ကရာ့ပေါ့တောင်တန်းဖက်သို့သွားနေသည့် လူအုပ်စုအားတွေ့ရှိကြောင်း သတင်းအရ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စုံစမ်းစစ်ဆေးပြီးနောက် ကင်းလှည့်နေသည့်တာဝန်ရှိသူများအား အကြောင်းကြားခဲ့၍ ၀င်ရောက်စစ်ဆေးရန်ပြုလုပ်စဥ် ထွက်ပြေးရန်ကြိုး စားခဲ့ကြသဖြင့် တာဝန်ရှိသူများမှဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသူများအားစစ်ဆေးရာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၈၃ ဦးနှင့်အမျိုး သမီး ၇၃ ဦး(စုစုပေါင်း ၁၅၆ ဦး)ဖြစ်ကြောင်း စစ် ဆေးသိရှိခဲ့ရသည်။

ဖမ်းဆီးရမိသူများ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ ခန့်အထိပေးချေခဲ့ရကြောင်း သိရသည်။

“ကျွန်တော်သိရသလောက်ဆိုရင် ပွဲစားကသူတို့ကို တောထဲမှာပစ်ထားခဲ့တဲ့အတွက် နယ်မြေမကျွမ်းကျင်ပေမယ့် ဒီအတိုင်းထွက်လာတာလို့တော့သိရတယ် အဓိက ပွဲစားတွေရဲ့တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အတွက် အခုလိုဒုက္ခတွေပိုပြီးရောက်နေကြရတာပါ ထိုင်းကိုလာချင်တဲ့လူတွေကိုပြောချင်တာကတော့ အတတ်နိုင်ဆုံး တရား ဝင်လမ်းကြောင်းကနေပဲလာပြီးအလုပ်လုပ်ကြစေချင်ပါတယ်”ဟုထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖမ်းဆီးရမိသူများအား ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံထားရခြင်းရှိ၊မရှိနှင့်ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်တို့အတွက် ဝမ်ကျောင်းမြို့ရဲစခန်းသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here