ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား ပြန်ကြားရေးဝန် ကြီးဌာနမှ ဝိုင်းဝန်းကူညီဖြေရှင်းပေးသွားမည်

0
116

ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား ပြန်ကြားရေးဝန် ကြီးဌာနမှ ဝိုင်းဝန်းကူညီဖြေရှင်းပေးသွားမည်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းမှ မေ ၆ ရက်နေ့လည် ၁ နာရီက ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်ပြသရာတွင်တွေ့ ကြုံရသည့် အခက်အခဲများနှင့်ပတ်သက်၍ ပြု လုပ်သည့်ညှိနှိုင်းအစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရုပ်ရှင်ရုံတွေကိုပြန်ဖွင့်ခွင့်ပေးရခြင်းဟာ ရုပ်ရှင်လောကသားတွေစားဝတ်နေရေးပြေလည်စေဖို့ ၊ပြိုလဲလုနီးပါးဖြစ်ခဲ့တဲ့ ရုပ်ရှင်အနုပညာလုပ်ငန်းတွေပုံမှန်ပြန်လည်လှုပ်ရှားသက်ဝင်စေဖို့၊ ထုတ်လုပ်သူတွေနဲ့ရုပ်ရှင်ရုံပိုင်ရှင်တွေ လုပ်ငန်းပြန်လည်အဆင်ပြေစေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းကပြောသည်။

ထိုသို့ ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း အခက်အခဲများကြုံတွေ့နေရသဖြင့် မျှော်မှန်းထားသလောက် ခရီးမရောက်သေးခြင်းဖြစ်သည်ဟုပြောသည်။

လက်ရှိအချိန်တွင်အချို့က အစိုးရ၏ ဆောင်ရွက်ချက်များအား နည်းလမ်းမျိုးစုံဖြင့်ဟန့်တားနှောက်ယှက်နေသည်ကို အား လုံးတွေ့မြင်ရမည်ဖြစ်သည်ဟု ဆိုသည်။

“တချို့အနုပညာရှင်တွေကို နည်းမျိုးစုံနဲ့ခြိမ်း ခြောက်တာတွေ လုပ်နေကြတာကြားရတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ ရုပ်ရှင်အနုပညလောက ပြန်လည်ရှင်သန်နှိုးထလာမှာကို မနာလို မရှုစိမ့်တဲ့လူတွေက ရုပ်ရှင်ရုံတွေပြန်ဖွင့်တဲ့အပေါ် နှောက်ယှက်ဟန့်တားနေတာလို့ ထင်မြင်မိပါတယ်”ဟုပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းကပြောသည်။

ထို့ကြောင့် အနုပညာရှင်အသိုင်းအဝိုင်းအားလုံးမှ ပြည်သူများရုပ်ရှင်ကြည့်ရှုခံစားနိုင်ရန်နှင့်အနုပညာရှင်များအား ယခင်ကဲ့သို့ ချစ်ခင်နှစ်သက် အားပေးလုပ်ဆောင်ပေးရန်လိုအပ်ပြီးကြုံတွေ့နေရသည့် အခက်အခဲများအား ပွင့်ပွင့်လင်းလင်းဆွေးနွေး၍ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ဝိုင်းဝန်းကူညီဖြေရှင်းပေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းမှ မြန်မာ့ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးနှင့်ရုပ်ရှင်ရုံများရေရှည်ဖွင့်လှစ်ပြသနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ပြန် ကြားရေးဝန်ကြီးဌာနနှင့်လက်တွဲဆောင်ရွက်သွားမည်ဟုပြောသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာ ဝန်ရှိသူများ၊ထုတ်လုပ်သူများ၊ရုပ်ရှင်ရုံပိုင်ရှင်များမှ ရုပ်ရှင်ပြသရာတွင် ကြုံတွေ့နေရသည့် အခက် အခဲများအားဆွေးနွေးတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here