မြန်မာအပေါ် အကူအညီပေးရေး အဟန့်အတားအများကြီးကြုံနေရပေမယ့် တိုးတက်မှုတော့ရခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ဆို

0
96

မြန်မာအပေါ် အကူအညီပေးရေး အဟန့်အတားအများကြီးကြုံနေရပေမယ့် တိုးတက်မှုတော့ရခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ဆို

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာကူညီမှုအကူအညီပေးရေးနဲ့စပ်လျဉ်းပြီး ကမ္ဘောဒီးယားနိုင်ငံမှာ မေလ၆ရက်ကစလို့ အာဆီယံဒေသညှိနှိုင်းဆွေးနွေးပွဲကျင်းပလျှက်ရှိနေချိန်မှာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ကအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မေလ၆ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ Prak Sokhonn က သတင်းစာရှင်းလင်းပွဲလုပ်စဉ်မှာ အလှူရှင်နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံကြားမှာ အကူအညီပေးရေး သတ်မှတ်ချက်တွေဟာ တဘက်နဲ့တဘက် ကွဲလွဲမှုတွေရှိနေတယ်လို့ ပြောတဲ့အကြောင်းဗီအိုအေက ဖော်ပြပါတယ်။

အလှူရှင်တချို့က အကူအညီပေးရာမှာ အိမ်ရှင်မြန်မာနိုင်ငံနဲ့ ညှိနှိုင်းတိုင်ပင်ဖို့ တွန့်ဆုတ်မှုရှိနေပေမယ့်လည်း ပြည်တွင်းပို့မယ့် လူသားချင်းစာနာမှုအကူအညီအပေါ် အခွန်သက်သာခွင့်ပေးဖို့ မြန်မာဘက်က လိုက်လျောခဲ့တယ်လို့သူကဆိုပါတယ်။

နောက်ပြီး မြန်မာနိုင်ငံတွင်း လူသားချင်းစာနာကူညီမှုအထောက်အပံ့တွေကို နယ်မြေ ၆ ခုကို ပေးဖို့ ကနဦးလျာထားပြီး အဲဒီထဲက နယ်မြေနှစ်ခုကတော့ ဦးစားပေးအဆင့်သတ်မှတ်ထားတယ်လို့ အာဆီယံကိုယ်စားလှယ်က သတင်းထောက်တွေကို ပြောတယ်လို့ Phnom Penh Post သတင်းစာက ရေးသားထားတာရှိပါတယ်။

ဒီအစည်းအဝေးကို မြန်မာနစကဘက်က ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ အချက်တချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer ကတော့ မြန်မာနိုင်ငံအတွင်း စာနာထောက် ထားမှု အကူအညီပေးရေး ပါဝင်ဆောင်ရွက်နေသူအားလုံး လုံခြုံစိတ်ချပြီး အဟန့်အတားမရှိ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here